Search This Blog

Showing posts with label ကားသမား ဟာသ. Show all posts
Showing posts with label ကားသမား ဟာသ. Show all posts

ကားသမားတွေ ဆိုးတယ်






သားအမိ (၂) ယောက် ရေတွင်းနား ထိုင်နေတုန်း ရွာထဲကို စစ်ကြောင်းဝင်လာတယ် လူတွေအော်ကြတယ်။

"စစ်ကြောင်းဝင်လာပြီဟေ့...ပြေးကြ...ပုန်းကြ"

အမေက သမီးကို "သမီး..သမီး...အိမ်ပေါ် မြန်မြန်တက်....သွားပုန်းနေချေ" လို့ ခိုင်းတယ်။

သမီးလည်း အိမ်ပေါ်တက် ရွာထိပ် စစ်ကြောင်း လာတဲ့ဆီ ထရံကြားက စိုးရိမ်တကြီးနဲ့ ချောင်းကြည့်နေတယ်။

ခဏနေတော့ အိမ်ပေါ်က သမီးက လှမ်းအော်တယ်။

အမေရေ...အမေရေ...
အမေပါ တက်လာပုန်းမှ ဖြစ်မယ်...စစ်သားတွေနောက်မှာ ကားသမားတွေ ပါလာတယ်...အမေရေ့...
-
-
-
(ကျနော်တို့ ကားသမားများဆို လူတွေက စစ်သားထက်တောင် ပိုကြောက်ကြတယ်.... ပျော်စေ၊ ပျက်စေ... စတာပါ....ကားသမားတွေ စိတ်မဆိုးကြေး)

ယာဉ်ထိန်းရဲမေ နဲ့ လက်ထပ်မိတဲ့ ဒုက္ခ

(ပုံတွင်ဖော်ပြထားသူမှာ သူမနှင့် စကားပြောခွင့်ရဘို့ ယာဉ်မောင်းများ တမင်ရည်ရွယ်၍ ယာဉ်စည်းကမ်း ချိုးဖောက်လေ့ ရှိကြသည်ဆိုသော တရုတ်ပြည် ရှန်ယှီးနယ် ပေါက်ကျိမြို့မှ ယာဉ်ထိန်းရဲမေ ဖြစ်ပါသည်။ သူမ၏ အမည်မှာ ....ရှုချင်....(Xiuqin)....ဟုခေါ်သည်။ )

ကျနော့်သူငယ်ချင်းက ယာဉ်ထိမ်းရဲမေတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။
မနေ့ညက သူ့ရဲ့ မင်္ဂလာဦးညလေ။
ဒါနဲ့ ယောက်ျားလေးချင်းဆိုတော့ အတွေ့အကြုံလေးသိချင်တာနဲ့ ဖုန်းဆက်မေးမိတယ်... ...

"ဟေ့ရောင်... မင်းရဲ့ လူပျိုဘဝ နောက်ဆုံးညလေးအကြောင်း ဖောက်သယ်ချပါအုံးကွ... ဟီ ဟိ"
"မဟီဟိနဲ့ ဟေ့ကောင်"
"ဟင်... ဘာလို့လဲ ဟ"
"ညက င့ါကို Over-speed ဆိုပြီး ဒဏ်ငွေ 5000 တပ်တယ်၊ မရပ်ရမယ့်နေရာ ရပ်လို့ ဒဏ်ငွေ 5000 တပ်တယ်၊ မဝင်ရတဲ့ လမ်း ဝင်လို့ဆိုပြီး ဒဏ်ငွေ 10000 တပ်တယ်"
"ဟင်... လွန်တာပေါ့ကွ"

... ဆိုတော့ သူက ပြောရှာတယ်... ....

"ဒဏ်ငွေက ပြသနာမရှိဘူး၊ ကျွှမ်းကျင်မှုမရှိလို့ ဆိုပြီး လိုင်စင်ကို တစ်ပတ်ပိတ်တာက ဆိုးတာ အီး ဟီး"
"ငင်..."

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko