ရန်ကုန် သယ်ယူပို့ဆောင်ရေးစံနစ် ဆိုင်ရာ အစီအမံများအား သုံးသပ်ခြင်း
***နည်းပညာ အသုံးပြု ယာဉ်ကြော ထိန်းသိမ်းမှု စံနစ် (ATCS)***
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ ပံ့ပိုးမှုဖြင့် ရန်ကုန်မြို့ ယာဉ်ကြော ကြပ်တည်းသည့်
မီးပွိုင့်များတွင် အဆင့်မြင့် နည်းပညာသုံး ယာဉ်ကြော ထိန်းသိမ်းမှု
စံနစ်များတ ပ်ဆင်သွားရန် ရှိသည်။ စမ်းသပ်စံနစ်တစ်ခုကို (၈)မိုင်လမ်းဆုံတွင်
တပ်ဆင်ထားပြီး မြို့ပြင်ထွက်သည့် ယာဉ်ကြောကို ထိရောက်စွာ မပံ့ပိုးနိုင်ပါ။
အဆိုပါ လမ်းဆုံတွင် ယာဉ်ထိန်းရဲ အဖွဲ့ငယ်တစ်ခု ရှိသော်လည်း
ယာဉ်စည်းကမ်းဖောက်ဖျက်မှု အများဆုံး ကျူးလွန်ရာ လမ်းဆုံဖြစ်ပြီး၊ အဆိုပါ
ယာဉ်ထိန်းများမှ လျစ်လျူရှုထားသည်ကို တွေ့ရသည်။ ယာဉ်စည်းကမ်းဖောက်ဖျက်မှု
များကို ထိန်းသိမ်းရန် စောင့်ကြည့် အရေးယူသည့်စံနစ်များ ထပ်မံ တပ်ဆင်ဘို့
လိုအပ်နေပါသည်။ ပြည်သူလူထုမှ ပူးပေါင်းပါဝင်လိုပြီး၊
ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို သတင်းပို့ရန် နည်းပညာ အထောက်အကူပြု
စင်္ကြန်တစ်ခု တည်ဆောက်ရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့အား တိုက်တွန်းလိုသည်။
***ကျွမ်းကျင် ယာဉ်ထိန်းရဲများ မွေးထုတ်ခြင်း***
အောက်ခြေ၀န်ထမ်းများမှ တပ်ဖွဲ့ဖွဲ့စည်းပုံ တိုးချဲ့ရန် တင်ပြတိုင်း
အငြင်းပယ်ခံရသည်ဟု ကြားသိရပါသည်။ ယမန်နှစ်က တပ်ဖွဲ့ဝင်အင်အား
တိုးချဲ့ခဲ့သော်လည်း၊ တပ်ဖွဲ့ဝင်သစ်များမှာ အပြည်ပြည်ဆိုင်ရာ
ယာဉ်ကြီးကြပ်မှု ဥပဒေများ နှင့် အကျွမ်းမ၀င်ကြပါ။ ၀ီစီကို အသုံးပြု၍
ယာဉ်ကြောကို ပဉ္စလက်ဆန်စွာ ရှင်းလင်း၍ ရမည်ဟု ယုံမှတ်မှားနေကြဆဲ ဖြစ်သည်။
ဆိုင်ကယ်အသုံးပြု ကင်းလှည့် ယာဉ်ထိန်းရဲများ၏ အရည်အသွေး နှင့် ပါတ်သက်၍
သံသယ ရှိပါသည်။ ကျွမ်းကျင်သော ယာဉ်စည်းကမ်း ဖောက်ဖျက်သူများ နှင့်
ရင်ဆိုင်ရန် ဆိုင်ကယ်စီး စွမ်းရည် အရည်အသွေး မပြည့်ဝဟု ယူဆပါသည်။
ဆိုင်ကယ်စီး ယာဉ်ထိန်းရဲတစ်ဦးသည် သာမာန် ဆိုင်ကယ် စီးတတ်ရုံဖြင့် မရ။
ထိုးထွင်းဥာဏ်၊ သန်းစွမ်းမှု၊ လျင်မြန်ဖြတ်လတ်မှု နှင့် အခက်အခဲ အတားအဆီး
အမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားနိုင်စွမ်း ရှိရပါသည်။
***ခုံးကျော်တံတားများ***
ခုံးကျော်တံတား(၃)ခု တည်ဆောက်ပြီး၍ ယာဉ်ကြော ပိတ်ဆို့မှု အနည်းငယ်
လျော့ပါးသွားသော်လည်း၊ ပြသနာမှာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ယခု
ဘဏ္ဏာရေးနှစ်တွင် မြေနီကုန်း ခုံးကျော်တံတား ဆက်လက် တည်ဆောက်ရန်
ရည်မှန်းထားပြီး၊ တာမွေ အ၀ိုင်းထိပ် လမ်းဆုံတွင် ခုံးကျော်တ့တားထိုးမည့်
အစီအစဉ်မှာ ဘဏ္ဏာရေး အခက်အခဲကြောင့် ရပ်ဆိုင်းထားပါသည်။
***ခရီးသည် အများအပြား ပို့ဆောင်ရေးစံနစ် (ရထား၊ BRT)***
JICA ၏ ဌာနခွဲတစ်ခုဖြစ်သော မဟာရန်ကုန် မြို့ပြ သယ်ယူပို့ဆောင်ရေး
စီမံကိန်း (YUTRA) မှ ရန်ကုန် မြို့တော် သယ်ယူပို့ဆောင်ရေး စံနစ်ကို
မွမ်းမံရန် ဘတ်ဂျတ်လျာထားမှု ဇန္န၀ါရီလတွင် ထွက်ရှိခဲ့ပြီး၊ အကြို
လျာထားချက်အရ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း (၂၅) ကုန်ကျမည် ဖြစ်ပါသည်။
အရှေ့-အနောက် ၂၀.၈ ကီလိုမီတာ လမ်းကြောင်းတစ်လျှောက်ပြေးဆွဲမည့်
ခေတ်မီရထားစံနစ်ကို (၂၀၂၅) ခုနှစ်တွင် စတင်ရန် လျာထားပါသည်။ (ရင်းမြစ်: The
Voice Weekly)
ထို့ပြင် JICA မှ လက်ရှိ မြို့ပါတ်ရထားလမ်းကို
အဆင့်မြှင့်ရန် ကူညီလျက် ရှိပါသည်။ သို့သော် မြို့ပါတ်ရထား ဖြတ်သန်းသွားရာ
လမ်းကြောင်းတစ်လျှောက် ခုံးကျော်တံတား အများအပြားကို တည်ဆောက်ရန်
လိုအပ်နေပါသည်။
"ရထားလမ်းတစ်လျှောက် ရထားပို့ဆောင်ရေး နှင့်
အခြားဌာနပိုင်မြေများကိုလည်း ရောင်းချခြင်း မပြုဘဲ နောင်အချိန် ရထားဘူတာရုံ
များသို့ ခေါက်တို ပြေးဆွဲမည့် ဘတ်(စ)ကားများအတွက် ဘတ်(စ)ကားဂိတ်များ
တည်ဆောက်ရန် ထိန်းသိမ်းထားဘို့ လိုအပ်နေပါသည်။"
BRT (Bus Rapid
Transit) စံနစ်အတွက် အကြိုလေ့လာဆဲ ကါလတွင်သာ ရှိပြီး၊ ၂၀၁၄-မကုန်မီ
ပေါ်လာဘို့ ဆိုသည်မှာ မရေမရာ အခြေအနေတွင်သာ ရှိနေပါသေးသည်။
ရင်းမြစ် :
(1) YUTRA Hot News
(2) 7day Daily
(3) The Voice Weekly
(4) Eleven
(5) Kamaryut Media
Search This Blog
Showing posts with label လေ့လာရန်. Show all posts

ယာဉ်ကြောထိန်းသိမ်းမှု အချက်ပြစံနစ် (သို့) မီးပွိုင့်
ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းပေးရန်နှင့် ယာဉ်တိုက်မှုများမှ ကာကွယ်ရန် ယာဉ်ကြောထိန်းသိမ်းမှု အချက်ပြစံနစ်များကို လမ်းဆုံလမ်းခွနေရာများတွင် တပ်ဆင်ထားပါသည်။ အကယ်၍ လမ်းဆုံတွင် ယာဉ်ထိန်းရဲကလမ်းပြနေခြင်းမရှိပါက ယာဉ်မောင်းသူများ၊ လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်စီးနင်းသူများသည် ဖော်ပြပါ အချက်ပြမီးစံနစ်များကို လိုက်နာကြရသည်။
မီးနီအချက်ပြချိန်တွင် မီးပွိုင့်လူကူးသည့်နေရာ(တနည်းအားဖြင့်-
လမ်းဆုံဧရိယာနယ်နိမိတ်၏အစပ်) ရပ်မျဉ်းအဖြူ မရောက်ခင်ရပ်တန့်ရမည်။
အကယ်၍ ညာဘက်အစွန်ဆုံးယာဉ်ကြောတွင် free way ဟုခေါ်သော တောက်လျှောက်သွားနိုင်သော ယာဉ်ကြောပေးထားပါက ထိုယာဉ်ကြောအတိုင်းဖြည်းဖြည်းမောင်းသွားနိုင်ပါသည်။ လမ်းဆုံ( ရပ်မျဉ်းအဖြူနှင့်တတန်းတည်းသို့)သို့ရောက်ရှိချိန်တွင် လမ်းဖြတ်ကူးသူရှိပါက ရပ်တန့်ပေးနိုင်စေရန် အသင့် ပြင်ဆင်ထားရမည်။ ထို့နောက် ဘယ်ဖက်လမ်းမကြီးမှ လာသော ယာဉ်များအားအန္တရာယ်မဖြစ်စေနိုင်ပါက မီးနီနေသော်လည်း ညာဖက်သို့ ကွေ့နိုင်ပါသည်။
ကွေ့ပြီးနောက်တွင် လမ်းမကြီး၏ ပင်မယာဉ်ကြောအတွင်း ချက်ချင်းမောင်းမ၀င်ရပါ။ မျဉ်းသေပေးထားသော ညာအစွန်ယာဉ်ကြောအတွင်း ပင်မယာဉ်ကြောမှ ယာဉ်များ၏သွားနှုန်းနှင့် မိမိယာဉ်၏သွားနှုန်း ကိုက်ညီစေရန် ထိန်းပြိးမှ ပင်မယာဉ်ကြောအတွင်းလိုက်ပါမောင်းဝင်ရပါမည်။
အချို့သော ယာဉ်သွားယာဉ်လာနည်းသည့် လမ်းသွယ်များမှ လမ်းမကြိးသို့ဆုံသည့်နေရာများတွင်မူ earth ဖမ်း၍ အချက်ပြမီးအား စိမ်းစေပါသည်။ ထိုသို့သော လမ်းများတွင် ယာဉ်၏ရှေ့ဘီးသည် ထို earth contact zone အတွင်းကျရောက်စေရန် ယာဉ်၏ရှေ့အစွန်းအား ရပ်မျဉ်း၏ တည့်တည့်တွင်နေရာချ ရပ်တန့်တတ်ရန်လိုပါသည်။
ယာဉ်သွားယာဉ်လာ အတော်အသင့်ရှိသော လမ်းသွယ်သည် ယာဉ်သွားယာဉ်လာ နည်းသော(သို့) ပုံမှန်ရှိသောလမ်းမနှင့် T ပုံသဏ္ဏာန်လမ်းဆုံဖြင့် ဆက်သွယ်နေပါက ညာအစွန်ယာဉ်ကြောနှင့် တည့်တည့် လမ်းမတစ်ဖက်ခြမ်းတွင် မီးနီချိန်ညာကွေ့ RIGHT TURN ON RED ဆိုင်းဘုတ်အား အပြာရောင်အောက်ခံတွင် အဖြူရောင်စာသားနှင့် အဖြူရောင်ဘောင်ခတ်၍ စိုက်ထူထားပါက အထက်စာပိုဒ်ပါ FREE WAY နှင့် အတန်ငယ်ဆင်တူပြိး လမ်းမကြီးအတိုင်း ဗယ်ဖက်မှလာသော ယာဉ်ကြောကိုကြည့်၍ ညာကွေ့ထွက်နိုင်ပါသည်။
ရပ်နိုင်လျှင်ရပ်ပါ။ မီးပွိုင့်အချက်ပြမီးသည် မကြာခင်နီတော့မည်ဖြစ်သည်။ မီးဝါကြာချိန်မှ မီးနီကို ယာဉ်ကြောအနေအထားပေါ်မူတည်၍ အမျိုးမျိုးသတ်မှတ်ကြသည်။ ပုံမှန်မှာ (၃)စက္ကန့်ဖြစ်သည်။ ဗယ်ကွေ့ ယာဉ်ကြောအတွက် သီးသန့် Left Green Arrow မရှိသည့်နေရာတွင် မီးဝါကို ၁၀ စက္ကန့်မှ ၂၀စက္ကန့်ထိ ၀ါပေးထားသည်။ ထိုအခါမျိုးတွင် တည့်တည့်သွားမည့်ကားသည် မီးဝါပင်ဖြစ်သော်လည်း ရပ်မျဉ်းကိုကျော်လွန်၍ ဆက်လက်မောင်းနှင်ခွင့်မရှိပါ။
Go
- သွားနိုင်သည်ဟူသောအမှတ်အသားဖြစ်သည်။ သို့သော် မိမိရှေ့ရှိ
လမ်းဖြတ်ဆုံသည် လမ်းကြောင်းရှင်းမှဖြစ်သည်။ အရှိန်ဖြင့်
ဖြတ်ခြင်းမျိုးမပြုလုပ်ရပါ။ အကယ်၍ ကန့်လန့်ဖြတ်ယာဉ်ကြောမှ
ကွေ့လက်စကားရှိနေလျှင် ဦးစားပေးရန် လိုပါသည်။ ထို့နည်းတူ မီးနီနေစဉ်က
လမ်းဖြတ်ကူးလာသူများရှိပါကလည်း ထိုသူများအားရပ်စောင့်ပေးရန်လိုပါသည်။
ကန့်လန့်ဖြတ်ယာဉ်ကြောမှ မီးပွိုင့်ကို ကြည့်ပြီး ထိုယာဉ်ကြောနီသည်နှင့်
ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ မိမိနှင့် သက်ဆိုင်သောမီးစိမ်းမှသာ ထွက်ပါ။
အဘယ်ကြောင့်ဆိုသော် အချို့မီးပွိုင့်များသည် တစ်ဖက် မီးနီချိန် နှင့်
အခြားတစ်ဖက်မီးစိမ်းချိန်ကြားတွင် (၃) စက္ကန့်ခန့် delay time ရှိသည်။ အကယ်၍
သင်သည်ဗယ်ဖက်သို့ကွေ့လိုပါက မျက်နှာချင်းဆိုင်မှလာသော ယာဉ်ကြောရှင်းသည်အထိ
စောင့်ရန်လိုအပ်ပါသည်။
ကွေ့ကြောအချက်ပြမီး
ယာဉ်သွားယာဉ်လာများသော လမ်းဆုံမီးပွိုင့်များတွင် ကွေ့ကြောအတွက် နီ၊၀ါ၊စိမ်း မျှားပါသော သီးသန့်မီးပွိုင့်ကို တပ်ဆင်ထားလေ့ရှိပါသည်။
-ကွေ့ကြောမီးနီချိန်တွင် တည့်ကြောမီးစိမ်းနေပါသည်။ အဓိပ္ပါယ်မှာ- တည့်တည့်ဆက်သွားမည့်ယာဉ်များ သွားနိုင်သည်။ ကွေ့ကြောတွင်နေရာယူထားသော ကားများဗယ်မကွေ့ရ။ ကွေ့ကြောရပ်မျဉ်းမရောက်ခင်တွင် ရပ်တန့်ထားရမည်။
-ကွေ့ကြောမီးဝါချိန်တွင် တည့်ကြောမီး (သို့မဟုတ်) ကန့်လန့်ဖြတ်ယာဉ်ကြောသည် နီနေပါမည်။ အဓိပ္ပါယ်မှာ - ရပ်နိုင်လျှင်ရပ်ပါ။ ကွေ့ကြောမီးနီတော့မည်။ မျက်နှာချင်းဆိုင်မှ တည့်တည့်လာမည့် ယာဉ်ကြော (သို့မဟုတ်) ကန့်လန့်ဖြတ်ယာဉ်ကြောသည် စိမ်းရန်အသင့်ဖြစ်နေပါပြီ။
-ကွေ့ကြောမီးစိမ်းချိန်တွင် သင်နေရာယူထားသည့် ဗယ်ဘက်သို့ ကွေ့နိုင်သည်။ သို့သော် မျက်နှာချင်းယာဉ်ကြော မီးစိမ်းချိန်ကထွက်လာလက်စဖြစ်သော ကားများရှင်းမှကွေ့ရန်ဖြစ်သည်။
ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းပေးရန်နှင့် ယာဉ်တိုက်မှုများမှ ကာကွယ်ရန် ယာဉ်ကြောထိန်းသိမ်းမှု အချက်ပြစံနစ်များကို လမ်းဆုံလမ်းခွနေရာများတွင် တပ်ဆင်ထားပါသည်။ အကယ်၍ လမ်းဆုံတွင် ယာဉ်ထိန်းရဲကလမ်းပြနေခြင်းမရှိပါက ယာဉ်မောင်းသူများ၊ လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်စီးနင်းသူများသည် ဖော်ပြပါ အချက်ပြမီးစံနစ်များကို လိုက်နာကြရသည်။
RED (အနီရောင်အချက်ပြမီး)
အကယ်၍ ညာဘက်အစွန်ဆုံးယာဉ်ကြောတွင် free way ဟုခေါ်သော တောက်လျှောက်သွားနိုင်သော ယာဉ်ကြောပေးထားပါက ထိုယာဉ်ကြောအတိုင်းဖြည်းဖြည်းမောင်းသွားနိုင်ပါသည်။ လမ်းဆုံ( ရပ်မျဉ်းအဖြူနှင့်တတန်းတည်းသို့)သို့ရောက်ရှိချိန်တွင် လမ်းဖြတ်ကူးသူရှိပါက ရပ်တန့်ပေးနိုင်စေရန် အသင့် ပြင်ဆင်ထားရမည်။ ထို့နောက် ဘယ်ဖက်လမ်းမကြီးမှ လာသော ယာဉ်များအားအန္တရာယ်မဖြစ်စေနိုင်ပါက မီးနီနေသော်လည်း ညာဖက်သို့ ကွေ့နိုင်ပါသည်။
ကွေ့ပြီးနောက်တွင် လမ်းမကြီး၏ ပင်မယာဉ်ကြောအတွင်း ချက်ချင်းမောင်းမ၀င်ရပါ။ မျဉ်းသေပေးထားသော ညာအစွန်ယာဉ်ကြောအတွင်း ပင်မယာဉ်ကြောမှ ယာဉ်များ၏သွားနှုန်းနှင့် မိမိယာဉ်၏သွားနှုန်း ကိုက်ညီစေရန် ထိန်းပြိးမှ ပင်မယာဉ်ကြောအတွင်းလိုက်ပါမောင်းဝင်ရပါမည်။
အချို့သော ယာဉ်သွားယာဉ်လာနည်းသည့် လမ်းသွယ်များမှ လမ်းမကြိးသို့ဆုံသည့်နေရာများတွင်မူ earth ဖမ်း၍ အချက်ပြမီးအား စိမ်းစေပါသည်။ ထိုသို့သော လမ်းများတွင် ယာဉ်၏ရှေ့ဘီးသည် ထို earth contact zone အတွင်းကျရောက်စေရန် ယာဉ်၏ရှေ့အစွန်းအား ရပ်မျဉ်း၏ တည့်တည့်တွင်နေရာချ ရပ်တန့်တတ်ရန်လိုပါသည်။
ယာဉ်သွားယာဉ်လာ အတော်အသင့်ရှိသော လမ်းသွယ်သည် ယာဉ်သွားယာဉ်လာ နည်းသော(သို့) ပုံမှန်ရှိသောလမ်းမနှင့် T ပုံသဏ္ဏာန်လမ်းဆုံဖြင့် ဆက်သွယ်နေပါက ညာအစွန်ယာဉ်ကြောနှင့် တည့်တည့် လမ်းမတစ်ဖက်ခြမ်းတွင် မီးနီချိန်ညာကွေ့ RIGHT TURN ON RED ဆိုင်းဘုတ်အား အပြာရောင်အောက်ခံတွင် အဖြူရောင်စာသားနှင့် အဖြူရောင်ဘောင်ခတ်၍ စိုက်ထူထားပါက အထက်စာပိုဒ်ပါ FREE WAY နှင့် အတန်ငယ်ဆင်တူပြိး လမ်းမကြီးအတိုင်း ဗယ်ဖက်မှလာသော ယာဉ်ကြောကိုကြည့်၍ ညာကွေ့ထွက်နိုင်ပါသည်။
YELLOW ( အ၀ါရောင်အချက်ပြမီး )
ရပ်နိုင်လျှင်ရပ်ပါ။ မီးပွိုင့်အချက်ပြမီးသည် မကြာခင်နီတော့မည်ဖြစ်သည်။ မီးဝါကြာချိန်မှ မီးနီကို ယာဉ်ကြောအနေအထားပေါ်မူတည်၍ အမျိုးမျိုးသတ်မှတ်ကြသည်။ ပုံမှန်မှာ (၃)စက္ကန့်ဖြစ်သည်။ ဗယ်ကွေ့ ယာဉ်ကြောအတွက် သီးသန့် Left Green Arrow မရှိသည့်နေရာတွင် မီးဝါကို ၁၀ စက္ကန့်မှ ၂၀စက္ကန့်ထိ ၀ါပေးထားသည်။ ထိုအခါမျိုးတွင် တည့်တည့်သွားမည့်ကားသည် မီးဝါပင်ဖြစ်သော်လည်း ရပ်မျဉ်းကိုကျော်လွန်၍ ဆက်လက်မောင်းနှင်ခွင့်မရှိပါ။
GREEN ( အစိမ်းရောင်အချက်ပြမီး )
ကွေ့ကြောအချက်ပြမီး
ယာဉ်သွားယာဉ်လာများသော လမ်းဆုံမီးပွိုင့်များတွင် ကွေ့ကြောအတွက် နီ၊၀ါ၊စိမ်း မျှားပါသော သီးသန့်မီးပွိုင့်ကို တပ်ဆင်ထားလေ့ရှိပါသည်။
-ကွေ့ကြောမီးနီချိန်တွင် တည့်ကြောမီးစိမ်းနေပါသည်။ အဓိပ္ပါယ်မှာ- တည့်တည့်ဆက်သွားမည့်ယာဉ်များ သွားနိုင်သည်။ ကွေ့ကြောတွင်နေရာယူထားသော ကားများဗယ်မကွေ့ရ။ ကွေ့ကြောရပ်မျဉ်းမရောက်ခင်တွင် ရပ်တန့်ထားရမည်။
-ကွေ့ကြောမီးဝါချိန်တွင် တည့်ကြောမီး (သို့မဟုတ်) ကန့်လန့်ဖြတ်ယာဉ်ကြောသည် နီနေပါမည်။ အဓိပ္ပါယ်မှာ - ရပ်နိုင်လျှင်ရပ်ပါ။ ကွေ့ကြောမီးနီတော့မည်။ မျက်နှာချင်းဆိုင်မှ တည့်တည့်လာမည့် ယာဉ်ကြော (သို့မဟုတ်) ကန့်လန့်ဖြတ်ယာဉ်ကြောသည် စိမ်းရန်အသင့်ဖြစ်နေပါပြီ။
-ကွေ့ကြောမီးစိမ်းချိန်တွင် သင်နေရာယူထားသည့် ဗယ်ဘက်သို့ ကွေ့နိုင်သည်။ သို့သော် မျက်နှာချင်းယာဉ်ကြော မီးစိမ်းချိန်ကထွက်လာလက်စဖြစ်သော ကားများရှင်းမှကွေ့ရန်ဖြစ်သည်။
RED ARROW ( ကွေ့ကြောမီးနီ )
YELLOW ARROW ( ကွေ့ကြောမီးဝါ )
GREEN
ARROW ( ကွေ့ကြောမီးစိမ်း )
သူတို့ဆီက မြို့ပြခရီးသွား သယ်ယူပို့ဆောင်ရေးစံနစ်
မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရဲ့ လူဦးရေဟာ (2011)
မှာထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ လူဦးရေ (10-Million)ကျော်သွားပါပြီ။
သန်း(၇၀)သော မြန်မာပြည်လူဦးရေ ရဲ့ (၇)ပုံ (၁)ပုံ ပမာဏပါ။( ဒေါက်တာကျော်လတ်
ရဲ့ ခန့်မှန်းချက်နဲ့တော့ တော်တော်ကွဲလွဲပါတယ်။) ဒါဟာရန်ကုန်ကိုနေ့တစ်ဓူဝ
ဝင်ထွက်နေတဲ့ ရပ်ဝေးခရီးသွားတွေကို ထည့်မတွက်ထားသေးဘူး။

နေပြည်တော်လို မြို့မျိုးပေါ်လာပေမယ့်လည်း နေပြည်တော်ဟာ ရန်ကုန်ဖြစ်လာဘို့မလွယ်ပါဘူး။ ၀န်ထမ်းဦးရေ သိန်းနဲ့ချီပြီး နေစရာပေးပြီး လူဦးရေကို တက်အောင်လုပ်ပေမယ့်လည်း အဲဒီဝန်ထမ်းတွေဟာ နေပြည်တော်မှာ အခြေချမယ့်သူ အင်မတန်ရှားပါလိမ့်မယ်။ နေပြည်တော်အခြေကျစပြုတဲ့ (၂၀၀၇) ကနေပြီးတော့ အခု(၂၀၁၂) ငါးနှစ်တာကာလအတွင်း နေပြည်တော်ကို သွတ်သွင်းလိုက်တဲ့ လူဦးရေထက်ကို အဲဒီနှစ်တွေအတွင်း ရန်ကုန်ကို ပြောင်းရွှေ့ အခြေချလာတဲ့ လူဦးရေကပိုများတာကို စစ်တမ်းအချို့ကနေ ကျွန်တော်သတိထားမိပါတယ်။ အခုဆို နေပြည်တော်မှာ စီမံကိန်းတွေရပ်လိုက်တာကြောင့် နေပြည်တော်လူဦးရေဟာ တစ်ဟုန်ထိုးတိုးတက်လာဘို့ အခွင့်ပိုနည်းပါတယ်။

လူဦးရေ (၁၀)သန်းထက် ကျော်လွန်သောမြို့ ပြ ကို Mega City လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
ရန်ကုန်ကတော့ ကြည့်ရင်းကြည့်ရင်း Mega City တစ်ခုဖြစ်မှန်းမသိဖြစ်လာပါပြီ။ တစ်ပြိုက်နက်တည်းမှာပဲ ကျွန်တော်တို့ မြို့တော် ရန်ကုန်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဏကို အလျင်အမြန်ကုစားဘို့ရာ လိုအပ်နေပါပြီ။ ဒါပေမယ့် လောလော၊ လောလော လုပ်ရန်ဟုမဆိုလိုပါ။ ဒါကောင်းတယ်လို့ တစ်ယောက်ကပြောလိုက် လုပ်လိုက်၊ ဟိုဟာကောင်းတယ်လို့ နောက်တစ်ယောက်ကပြောလိုက် ဟိုဟာလိုက်လုပ်လိုက်နဲ့ ဆေးမြီးတိုပေါင်းစုံကြားမှာ သားသေရတဲ့ အဖြစ်မျိုးနဲ့ ကျွန်တော်တို့ရဲ့ မြို့ပြတွေကို မရောက်စေချင်လို့ သူတို့ဆီက မြို့ပြသယ်ယူပို့ဆောင်ရေးအကြောင်း တစ်စေ့တစ်စောင်းကို ဒီနေ့တင်ပြချင်တာပါ။
ရထားပို့ဆောင်ရေးစံနစ်

ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ မြို့ပြတစ်ခုမှာ ရထားသယ်ယူပို့ဆောင်ရေးစံနစ်ဟာ အတော်အရေးပါပါတယ်။
အကြောင်းက -
(၁) ရထားမှာ လက်ရှိရန်ကုန်က ဘတ်(စ)ကားတွေလို လမ်းလယ်ခေါင်ရပ်ပြီး လူအတင်အချလုပ်နေလို့ လမ်းပိတ်ရတာမျိုးမရှိပါဘူး။
( LESS TRAFFIC CONGESTION ADVANTAGE )

(၂) ရထားဟာ ဘတ်စကားထက် ၀န်တင်နိုင်မှုနဲ့ ဆီစားနှုန်းအချိုးမှာ အလွန်ကွာဟပါတယ်။
( FUEL CONSUMPTION ECONOMY )
(၃) ရထားဟာ တစ်စီးထဲနဲ့ လူအများအပြားကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ ရုံးဆင်းရုံးတက်ချိန်တွေမှာ ပုံမှန်ခုနှစ်တွဲပါတဲ့ ရထားတစ်စီးဟာ လူ(၆၀၀)ခန့်ထိ သယ်ပို့ပေးနိုင်ပါတယ်။ ( MASS TRANSIT )
(၄) လူအများခရီးသွားတတ်တဲ့ လမ်းကြောင်းအနီးမှာ ရထားလမ်းတစ်ခုသာ တည်ဆောက်ပေးနိုင်ရင် အလုပ်သွားအလုပ်ပြန် အချိန်တွေမှာ ရထားဟာ အချိန်ကုန်သက်သာစေပါတယ်။ ( TIME-SAVVY )

သူတို့ဆီကမြို့ပြတွေမှာ ရထားလမ်းတွေကို လူဦးရေသိပ်သည်းသော အစိတ်အပိုင်းတွေ၊ စီးပွားရေးရပ်ကွက်တွေကို ဖြတ်သန်းဖောက်လုပ်ထားကြပါတယ်။ အဲဒီထဲကမှ အဓိကကျတဲ့ ဘူတာတွေမှာ အနီးအနားတစ်ဝိုက်နဲ့ ရထားလမ်း မဖောက်လုပ်နိုင်သေးတဲ့ နေရာတွေကို ဖြတ်သန်းဆက်သွယ်ဘို့ ဘတ်စကားဂိတ်တွေထားရှိပါတယ်။ ( CONVENIENT ACCESS )
မြို့တော်တွင်းမှာပြေးဆွဲတဲ့ရထားအများစုဟာ third rail လို့ခေါ်တဲ့ သံလမ်းတစ်လျှောက်သွယ်တန်းထားတဲ့ high-Amp DC လျှပ်စီးချောင်း (သို့) ကောင်းကင်ဓါတ်ကြိုးမှ လျှပ်စစ်ကို အသုံးပြုပြီး ခုတ်မောင်းပါတယ်။ လျှပ်စစ်ဓါတ်အားအသုံးပြုထားလို့ မြို့တော်တွင်း မလိုလားအပ်သော လေထုညစ်ညမ်းခြင်းပြဿနာကို မဖြစ်စေပါ။ ( GREEN TRANSPORT )

ရထားကို (၅)မိနစ်တစ်စီးကျ ပြေးဆွဲနေသည် ဆိုပါစို့။ မြို့တော်တွင်း ဖြတ်သန်းသွားတဲ့ ရထားလမ်းတွေဟာ မြေပြင်မှာသာသွားနေမယ်ဆိုရင် ကားတွေ၊လူတွေဟာ ရထားသံလမ်းကူးဘို့ စောင့်လို့ဆုံးတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ရထားလမ်းတွေကို မြေပြင်ကနေအပေါ်မြှင့်ပြီး မိုးပျံရထားလမ်း(elevated track)ပေါ်မှာ သွားစေပါတယ်။ ဒါပေမယ့် တန်ဘိုးကြီးမြေနေရာပေါ်မှာ အထပ်မြင့်ဆောက်ထားတဲ့ မြို့လယ်ခေါင်ရပ်ကွက်တွေကို ဖြတ်တဲ့အခါ မိုးပျံရထားဟာ မတတ်သာတဲ့အဆုံး နည်းပညာအရကော၊ ကုန်ကျစံရိတ်အရပါ ဈေးကြီးတဲ့ မြေအောက်ရထားလမ်းကို ဖြတ်သန်းရပါတော့တယ်။
အရှိန်နဲ့ မိုးပေါ်မှာသွားနေတဲ့ရထားမှာ လိုက်ပါတဲ့သူတွေဘေးအန္တရာယ်ကင်းရှင်းဘို့ ရထားတိုင်းဟာ တံခါးအလုံပိတ်ပြီး air-con ဖြင့် ventilation (သန့်ရှင်းသော လေအ၀င်အထွက်စံနစ်) တပ်ဆင်ထားရပါတယ်။
ရထားနဲ့ခရီးသွားကြတဲ့သူတွေမှာ တစ်ကိုယ်ရေသုံးလက်ဆွဲတန်ဆာပါလာမှာပါဘဲ။ ဒီလက်ဆွဲတန်ဆာတွေမှာ အောက်ခြေမှာဘီးတပ်ဆင်ထားတဲ့အခါ ရထားထဲအလွယ်တစ်ကူ ၀င်ရောက်ဘို့၊ ကလေးတွေကို လက်တွန်းလှည်းထဲထည့်ပြီး ဆွဲလာတဲ့အခါ လက်တွန်းလှည်းအလွယ်တစ်ကူ ၀င်ထွက်နိုင်ဘို့ ၊ ဘီးတပ်လက်တွန်းလှည်းနဲ့လာတဲ့ မသန်မစွမ်းသူတွေအဆင်ပြေစေဘို့ရည်ရွယ်ပြီး ဘူတာစင်္ကြန်ကိုရထားကြမ်းခင်းနဲ့ တစ်ပြေးညီပုံစံပြုတည်ဆောက်ထားပါတယ်။ (ပုံကိုကြည့်ပါ)

ရထားလက်မှတ်
ရထားလက်မှတ်/ ကားလက်မှတ်အကြောင်း အကျယ်ကိုအောက်ပါပို့စ်တွင် ဖတ်နိုင်ပါသည်။
ipay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ်
https://www.facebook.com/note.php?note_id=335559886500247
ဘတ်(စ)ကား

ဘတ်(စ)ကားအကြောင်းရေးမယ်ကြံတော့ စင်္ကာပူမှာ စီးပွားရေးလုပ်နေတဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ပြောတဲ့စကားကို သွားသတိရတယ်။ ငါဒီမှာရောက်တာ 10 နှစ်ကျော်ပြီ။ ဒီဘတ်(စ)ကားကြီးတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ တစ်ခါမှမကြုံဖူးဘူးတဲ့။ သူတို့ဆီမှာ ရထားနဲ့ ဘတ်(စ)ကားတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းက တစ်ဦးတည်းပါ။ ထိုဘတ်(စ)မောင်းတဲ့သူဟာ ကားမောင်းတတ်ရုံနဲ့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး၊ လူမှုဆက်ဆံရေး အကုန်လုံးနဲ့ ချိန်ထိုးပြီးမှ ခန့်ပါတယ်။ ခန့်ပြီး တန်းမောင်းလို့မရသေးပါဘူး။ စံနစ်တကျ ထပ်ပြီး ထရိန်နင် ပေးပါသေးတယ်။ အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေကို ကျော်လွန်ပြီးမှ ကားပေါ်တက်မောင်းရတာပါ။
မြို့တော်သယ်ယူပို့ဆောင်ရေးမှာသုံးတဲ့ ခေတ်မီဘတ်(စ)ကားကြီးတွေဟာ လူဆင်းရ၊ တက်ရလွယ်ကူအောင်ပြုလုပ်ပေးထားကြပါတယ်။ ပလက်ဖောင်းပေါ်ကနေ ခြေတစ်လှမ်းအကွာမှာဘဲ ဘတ်စကားပေါ်ရောက်သွားပြီး၊ အတက်အဆင်းအစား ဆင်ခြေလျှော လျှောက်လမ်းနဲ့တင်ဘဲ ကိုယ်ထိုင်မယ့်နေရာကိုရောက်ရှိနိုင်ပါတယ်။ တစ်ခါ ဘတ်စကားပေါ်မှာ ဘီးတပ်ကုလားထိုင် အလွယ်တက်လို့ရဘို့ အဆင်ပြေအောင် နေရာဖန်တီးပေးထားပါတယ်။ ဘတ်စကားရဲ့ အပေါက်ဝကြမ်းခင်းက လမ်းမျက်နှာပြင်ကနေတိုင်းရင်(၈)လက်မ၀န်းကျင်ရှိပါတယ်။ အပေါက်ကြမ်းခင်းကို အလွယ်တစ်ကူတင်လို့ချလို့ရအောင်လုပ်ထားလို့ ဘတ်(စ)ကားကို ပလက်ဖောင်းနဲ့ ကပ်ပြီးရပ်လိုက်တဲ့အခါ (၆)လက်မမြင့်တဲ့ ပလက်ဖောင်းပေါ်က ဘီးတပ်ကုလားထိုင်ဟာ ချပေးတဲ့ကြမ်းခင်းကနေ ကားပေါ်အလွယ်တစ်ကူရောက်ရှိနိုင်ပါတယ်။ အပေါက်နဲ့ တည့်တည့်မှာ ကွက်လပ်လုပ်ပေးထားပြီး၊ ကိုယ့်ဘီးတပ်ကုလားထိုင်(wheel chair)ကို ရပ်ပြီးတဲ့နောက် မလှုပ်စေရန် ခါးပတ်နဲ့ ထိန်းထားလို့ ရပါတယ်။

အမြန်ဘတ်(စ)ကားကြီးတွေ(ဥပမာ-လေဆိပ်သွားတဲ့ ဘတ်စကားတွေ) မှာ ယာဉ်မောင်းနောက်ကြောနဲ့ အပေါ်ထပ်တက်တဲ့ လှေခါးရင်းကြားမှာ Luggage Rack အထုပ်တင်ရန်စင်ရှိပါတယ်။
လုံခြုံရေးအတွက် ကားအတွင်း CCTVကင်မရာတပ်ဆင်ထားပါတယ်။ ထို့နည်းတူ ဘတ်(စ)ကားယာဉ်ကြောအတွင်းစည်းကမ်းမဲ့ မောင်းနှင်ကြတဲ့ ယာဉ်များနဲ့ အရေးပေါ်အခြေအနေ( ဥပမာ-accident ) တွေကို မှတ်တမ်းတင်နိုင်ဘို့ ကင်မရာလည်းပါပါတယ်။ ကားတွေကို GPS စံနစ်နဲ့ ဆက်သွယ်ထားပြီး ကားရဲ့ ရောက်ရှိတည်နေရာကို သက်ဆိုင်ရာစံနစ်အတွင်း သတင်းပို့လွှတ်ပါတယ်။ ထိုသတင်းပို့ချက်အပေါ်မူတည်၍ ဘတ်(စ)ကားမှတ်တိုင်မှာ ထောင်ထားတဲ့ LED board တွေမှာ ထိုမှတ်တိုင်သို့ ဘတ်စကားရောက်ရှိချိန်ကိုဖော်ပြပေးပါတယ်။

LED board မရှိတဲ့မှတ်တိုင်တွေမှာတော့ next bus လိုမျိုး sms service တွေကနေ နောက်ရောက်မည့် Bus ဘယ်အချိန်လာမလဲဆိုတာကို မေးလို့ရပါတယ်။ ထို့နည်းတူ ကားတွင်းတပ်ဆင်ထားတဲ့ LED monitor မှာနောက်ရောက်မည့် မှတ်တိုင်ကို ဖော်ပြပေးသလို စပီကာမှလည်း ကြေငြာပေးပါတယ်။
ဘာလိုသေးလည်းအချစ်ရယ်လို့မေးရင် လိုအပ်နေပါသေးတယ်လို့ ခရီးသည်တွေဆီက ငြီးညူသံတွေလာတုန်းပါဘဲ။ မနက်ခင်းရုံးတက်ချိန်မှာ လက်ပြတားပေမယ့် ဘတ်(စ)ကားက မရပ်ပေးဘူးလို့ လူထုအော်လံကနေ တင်ပြတာ တွေ့ဘူးပါတယ်။ မနက်ခင်းနဲ့ ညနေ ရုံးတက်ရုံးဆင်းချိန် (peak hour) တွေမှာ Bus နဲ့ ရထားတွေကို ပိုပြီးစိပ်စိပ်ပြေးဆွဲပေးပါတယ်။
ဒါပေမယ့် ဘတ်စကား ဒရိုင်ဘာ (Bus captain) ဟာ သူ့ကားမှာ နောက်ထပ်လူထပ်တက်ခွင့်ပေးရင် ကားပေါ်ပါ ခရီးသည်တွေအတွက် အရမ်းကြပ်ညပ်နေလိမ့်မယ်လို့ ယူဆရင် ဆင်းမယ့်သူလည်းမပါဘူးဆိုရင် မှတ်တိုင်မှာ ခရီးသည်ရပ်စောင့်နေပေမယ့်လည်း ဆက်မောင်းခွင့်ရှိသလို၊ တက်မယ့်လူကိုလည်းတားမြစ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို တိုင်ကြားချက်ကြောင့် driver ကိုအရေးမယူပါဘူး။ ဒီ့အစား အတိုင်အတောထူတဲ့ နေရာတွေကို ပြေးဆွဲတဲ့ bus အရေအတွက်ကို ထပ်တိုးပါတယ်။
လူများတဲ့ မှတ်တိုင်တွေမှာ ဘတ်(စ)ကားတိုင်းရပ်ပါတယ်။ လူနည်းတဲ့အခါ ဘတ်(စ)ကား မှတ်တိုင်နားနီးရင် အရှိန်လျှော့ပါတယ်။ တစ်ခါတစ်ရံ ဟွန်းသံတစ်ချက်ပေးပြီး လူကို သတိပေးပါတယ်။ ဒီအခါ ဘတ်စကားနံပါတ်ကို ကြည့်ပါ။ မိမိစီးမယ့်ကားဆိုရင် လက်ပြတားပါ။ အနားရောက်လို့မှ လက်မတားရင်၊ ဘတ်(စ)ကားပေါ် ဆင်းမယ့်ခရီးသည်လည်းမပါဘူးဆိုရင် မရပ်တော့ဘဲ ဆက်မောင်းသွားပါလိမ့်မယ်။
ဘယ်လောက်ဘဲ ပြည့်စုံအောင် ဖန်တီးပေးထားပေမယ့် သူတို့မှာလည်း အားနည်းချက်အချို့ ရှိနေပါသေးတယ်။ ကားပေါ်မှာ ရထားတွေလို မှတ်တိုင်စဉ်မြေပုံကို ထင်သာမြင်သာ မချိတ်ဆွဲထားပါဘူး။ နောက်တစ်ခု မှတ်တိုင်တစ်ခုနဲ့ တစ်ခုအကြား distance အကွာအဝေးဘယ်လောက် ရှိသလဲဆိုတာလည်း မသိရပါဘူး။ distance ကို ဘာလို့ သိဘို့လိုသလဲဆိုတော့ လက်မှတ်ခက အချို့နေရာမှာ မှတ်တိုင်အစား taxi တွေလို distance နဲ့ ယူလို့ပါ။
TAXI

တက္ကစီ မှန်ရင် မီတာနဲ့ ပါ။ ဆိုင်ကယ်ကယ်ရီနဲ့ သုံးဘီးတွေကတော့ မီတာမပါကြပါဘူး။ ကြိုက်ဈေးပါဘဲ။
တက္ကစီခတွက်ပုံဟာ သာမာန်လူတစ်ယောက်အဖို့ နားလည်ရန်ခက်ခဲပါတယ်။ အကြမ်းဖျင်း သိရအောင် singapore တက္ကစီခ ဇယားကို အောက်ပါ link မှာလေ့လာနိုင်ပါတယ်။
http://www.taxisingapore.com/taxi-fare/
ကားပေါ်မှာ ဘက်စုံသုံး LCD panel တစ်ခုပါပါတယ်။ touch screen ပါ။ အဲဒီဖန်သားပြင်ပေါ်မှာ ကုမ္ပဏီပင်မ ကွန်ယက်မှ on-call taxi bid များ၊ လမ်းပိတ်ဆို့မှုသတင်းများ၊ တက်နေပါတယ်။ ထို့ အတူ GPS ကိုလည်းထို board ပေါ်မှာ ကြည့်နိုင်ပါတယ်။ bluetooth့ headset ကနေ ပင်မရုံးကွပ်ကဲရေးဌာနကို walkie-talkie ပြောလို့ရတယ်။

ကားခပေးတဲ့အခါ ကဒ်တွေနဲ့ပေးရင် နည်းနည်းအင်ပါတယ်။ ငွေသားဘဲလိုချင်ကြတာများတယ်။ ဒါပေမယ့် ပေးလို့ရတယ်။ credit card၊ ကျနော် အရင်တင်တဲ့ ပို့စ် "i-Pay (သို့မဟုတ်) ဟိုမရောက် ဒီမရောက် ယာဉ်စီးခပေးကဒ်" ထဲမှာ ဖော်ပြထားတဲ့ cash card၊ ဘတ်စကားစီးတဲ့ကဒ်၊ စတာတွေပေးလို့ရတယ်။ ပေးပြီးတာကို receipt တောင်းရင် ထုတ်ပေးပါတယ်။
တကယ်လို့ ကိုယ်သွားချင်တဲ့နေရာဟာ လမ်း (၂)မျိုး (၃)မျိုးလောက်နဲ့ သွားလို့ ရတဲ့ ခရီးမျိုးဆိုရင် ကိုယ့်ကို ဘယ်လမ်းကသွားချင်လဲလို့ မေးလိမ့်မယ်။ ကိုယ်သွားစေချင်တဲ့ လမ်းကြောင်းကိုပြောပါ။ မရေရာရင် သူ့ကို ဆရာမလုပ်ပါနဲ့။ မနက်ခင်း ရုံးသွားချိန်မှာ ပုံမှန်လမ်းအတိုင်းသွားရင် ကားပိတ်တာနဲ့ ခရီးမတွင်လို့ သူတို့ ကျွမ်းကျင်တဲ့ ဖြတ်လမ်းတွေကနေ သွားတတ်ပါတယ်။
ဘန်ကောက်လို tourist များတဲ့ မြို့တွေမှာ taxi နဲ့ သုံးဘီးတွေဟာ မီတာတက်အောင် ပတ်နေတာမျိုးတွေ၊ အပိုကြေးတောင်းခံတာတွေ ရှိတတ်ပါတယ်။ ဒါမျိုးကြုံရင် tourist police ကို တိုင်ကြားနိုင်ပါတယ်။ ကျနော်တို့ဆီမှာတော့ 199 လို service တွေတောင် လူတွေက အသုံးမ၀င်လို့ လျစ်လျူရှုထားတာ ကြာပါပြီ။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင် တစ်နေရာ
photo: popular journal
လူဦးရေ (၁၀)သန်းထက် ကျော်လွန်သောမြို့ ပြ ကို Mega City လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
ရန်ကုန်ကတော့ ကြည့်ရင်းကြည့်ရင်း Mega City တစ်ခုဖြစ်မှန်းမသိဖြစ်လာပါပြီ။ တစ်ပြိုက်နက်တည်းမှာပဲ ကျွန်တော်တို့ မြို့တော် ရန်ကုန်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဏကို အလျင်အမြန်ကုစားဘို့ရာ လိုအပ်နေပါပြီ။ ဒါပေမယ့် လောလော၊ လောလော လုပ်ရန်ဟုမဆိုလိုပါ။ ဒါကောင်းတယ်လို့ တစ်ယောက်ကပြောလိုက် လုပ်လိုက်၊ ဟိုဟာကောင်းတယ်လို့ နောက်တစ်ယောက်ကပြောလိုက် ဟိုဟာလိုက်လုပ်လိုက်နဲ့ ဆေးမြီးတိုပေါင်းစုံကြားမှာ သားသေရတဲ့ အဖြစ်မျိုးနဲ့ ကျွန်တော်တို့ရဲ့ မြို့ပြတွေကို မရောက်စေချင်လို့ သူတို့ဆီက မြို့ပြသယ်ယူပို့ဆောင်ရေးအကြောင်း တစ်စေ့တစ်စောင်းကို ဒီနေ့တင်ပြချင်တာပါ။
ရထားပို့ဆောင်ရေးစံနစ်

SMRT FROM SINGAPORE ON THE TRACK....UP TO 7 CARS IN A TRAIN
ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ မြို့ပြတစ်ခုမှာ ရထားသယ်ယူပို့ဆောင်ရေးစံနစ်ဟာ အတော်အရေးပါပါတယ်။
အကြောင်းက -
(၁) ရထားမှာ လက်ရှိရန်ကုန်က ဘတ်(စ)ကားတွေလို လမ်းလယ်ခေါင်ရပ်ပြီး လူအတင်အချလုပ်နေလို့ လမ်းပိတ်ရတာမျိုးမရှိပါဘူး။
( LESS TRAFFIC CONGESTION ADVANTAGE )

ဆူးလေဘုရားလမ်းတွင် လမ်းလုံးပြည့်နေရာယူထားသော ဘတ်စကားများ
© Albert Normandin
© Albert Normandin / Masterfile
(၂) ရထားဟာ ဘတ်စကားထက် ၀န်တင်နိုင်မှုနဲ့ ဆီစားနှုန်းအချိုးမှာ အလွန်ကွာဟပါတယ်။
( FUEL CONSUMPTION ECONOMY )
(၃) ရထားဟာ တစ်စီးထဲနဲ့ လူအများအပြားကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ ရုံးဆင်းရုံးတက်ချိန်တွေမှာ ပုံမှန်ခုနှစ်တွဲပါတဲ့ ရထားတစ်စီးဟာ လူ(၆၀၀)ခန့်ထိ သယ်ပို့ပေးနိုင်ပါတယ်။ ( MASS TRANSIT )
(၄) လူအများခရီးသွားတတ်တဲ့ လမ်းကြောင်းအနီးမှာ ရထားလမ်းတစ်ခုသာ တည်ဆောက်ပေးနိုင်ရင် အလုပ်သွားအလုပ်ပြန် အချိန်တွေမှာ ရထားဟာ အချိန်ကုန်သက်သာစေပါတယ်။ ( TIME-SAVVY )

ရန်ကုန်မြို့ပါတ်ရထား ဘူတာစဉ်ပြ ပုံ
သူတို့ဆီကမြို့ပြတွေမှာ ရထားလမ်းတွေကို လူဦးရေသိပ်သည်းသော အစိတ်အပိုင်းတွေ၊ စီးပွားရေးရပ်ကွက်တွေကို ဖြတ်သန်းဖောက်လုပ်ထားကြပါတယ်။ အဲဒီထဲကမှ အဓိကကျတဲ့ ဘူတာတွေမှာ အနီးအနားတစ်ဝိုက်နဲ့ ရထားလမ်း မဖောက်လုပ်နိုင်သေးတဲ့ နေရာတွေကို ဖြတ်သန်းဆက်သွယ်ဘို့ ဘတ်စကားဂိတ်တွေထားရှိပါတယ်။ ( CONVENIENT ACCESS )
မြို့တော်တွင်းမှာပြေးဆွဲတဲ့ရထားအများစုဟာ third rail လို့ခေါ်တဲ့ သံလမ်းတစ်လျှောက်သွယ်တန်းထားတဲ့ high-Amp DC လျှပ်စီးချောင်း (သို့) ကောင်းကင်ဓါတ်ကြိုးမှ လျှပ်စစ်ကို အသုံးပြုပြီး ခုတ်မောင်းပါတယ်။ လျှပ်စစ်ဓါတ်အားအသုံးပြုထားလို့ မြို့တော်တွင်း မလိုလားအပ်သော လေထုညစ်ညမ်းခြင်းပြဿနာကို မဖြစ်စေပါ။ ( GREEN TRANSPORT )

An illustration of third-rail
ရထားကို (၅)မိနစ်တစ်စီးကျ ပြေးဆွဲနေသည် ဆိုပါစို့။ မြို့တော်တွင်း ဖြတ်သန်းသွားတဲ့ ရထားလမ်းတွေဟာ မြေပြင်မှာသာသွားနေမယ်ဆိုရင် ကားတွေ၊လူတွေဟာ ရထားသံလမ်းကူးဘို့ စောင့်လို့ဆုံးတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ရထားလမ်းတွေကို မြေပြင်ကနေအပေါ်မြှင့်ပြီး မိုးပျံရထားလမ်း(elevated track)ပေါ်မှာ သွားစေပါတယ်။ ဒါပေမယ့် တန်ဘိုးကြီးမြေနေရာပေါ်မှာ အထပ်မြင့်ဆောက်ထားတဲ့ မြို့လယ်ခေါင်ရပ်ကွက်တွေကို ဖြတ်တဲ့အခါ မိုးပျံရထားဟာ မတတ်သာတဲ့အဆုံး နည်းပညာအရကော၊ ကုန်ကျစံရိတ်အရပါ ဈေးကြီးတဲ့ မြေအောက်ရထားလမ်းကို ဖြတ်သန်းရပါတော့တယ်။
အရှိန်နဲ့ မိုးပေါ်မှာသွားနေတဲ့ရထားမှာ လိုက်ပါတဲ့သူတွေဘေးအန္တရာယ်ကင်းရှင်းဘို့ ရထားတိုင်းဟာ တံခါးအလုံပိတ်ပြီး air-con ဖြင့် ventilation (သန့်ရှင်းသော လေအ၀င်အထွက်စံနစ်) တပ်ဆင်ထားရပါတယ်။
ရထားနဲ့ခရီးသွားကြတဲ့သူတွေမှာ တစ်ကိုယ်ရေသုံးလက်ဆွဲတန်ဆာပါလာမှာပါဘဲ။ ဒီလက်ဆွဲတန်ဆာတွေမှာ အောက်ခြေမှာဘီးတပ်ဆင်ထားတဲ့အခါ ရထားထဲအလွယ်တစ်ကူ ၀င်ရောက်ဘို့၊ ကလေးတွေကို လက်တွန်းလှည်းထဲထည့်ပြီး ဆွဲလာတဲ့အခါ လက်တွန်းလှည်းအလွယ်တစ်ကူ ၀င်ထွက်နိုင်ဘို့ ၊ ဘီးတပ်လက်တွန်းလှည်းနဲ့လာတဲ့ မသန်မစွမ်းသူတွေအဆင်ပြေစေဘို့ရည်ရွယ်ပြီး ဘူတာစင်္ကြန်ကိုရထားကြမ်းခင်းနဲ့ တစ်ပြေးညီပုံစံပြုတည်ဆောက်ထားပါတယ်။ (ပုံကိုကြည့်ပါ)

MTR from Hong Kong.....safety gates opens only after the train has totally stopped......
ရထားလက်မှတ်
ရထားလက်မှတ်/ ကားလက်မှတ်အကြောင်း အကျယ်ကိုအောက်ပါပို့စ်တွင် ဖတ်နိုင်ပါသည်။
ipay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ်
https://www.facebook.com/note.php?note_id=335559886500247
ဘတ်(စ)ကား

Double Decker Scania

Piictures
of buses in action at Toa Payoh HDB Hub aircon bus interchange to
illustrate a snapshot of the transport system at work, and that it is
working well for the commuters.
ဘတ်(စ)ကားအကြောင်းရေးမယ်ကြံတော့ စင်္ကာပူမှာ စီးပွားရေးလုပ်နေတဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ပြောတဲ့စကားကို သွားသတိရတယ်။ ငါဒီမှာရောက်တာ 10 နှစ်ကျော်ပြီ။ ဒီဘတ်(စ)ကားကြီးတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ တစ်ခါမှမကြုံဖူးဘူးတဲ့။ သူတို့ဆီမှာ ရထားနဲ့ ဘတ်(စ)ကားတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းက တစ်ဦးတည်းပါ။ ထိုဘတ်(စ)မောင်းတဲ့သူဟာ ကားမောင်းတတ်ရုံနဲ့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး၊ လူမှုဆက်ဆံရေး အကုန်လုံးနဲ့ ချိန်ထိုးပြီးမှ ခန့်ပါတယ်။ ခန့်ပြီး တန်းမောင်းလို့မရသေးပါဘူး။ စံနစ်တကျ ထပ်ပြီး ထရိန်နင် ပေးပါသေးတယ်။ အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေကို ကျော်လွန်ပြီးမှ ကားပေါ်တက်မောင်းရတာပါ။
မြို့တော်သယ်ယူပို့ဆောင်ရေးမှာသုံးတဲ့ ခေတ်မီဘတ်(စ)ကားကြီးတွေဟာ လူဆင်းရ၊ တက်ရလွယ်ကူအောင်ပြုလုပ်ပေးထားကြပါတယ်။ ပလက်ဖောင်းပေါ်ကနေ ခြေတစ်လှမ်းအကွာမှာဘဲ ဘတ်စကားပေါ်ရောက်သွားပြီး၊ အတက်အဆင်းအစား ဆင်ခြေလျှော လျှောက်လမ်းနဲ့တင်ဘဲ ကိုယ်ထိုင်မယ့်နေရာကိုရောက်ရှိနိုင်ပါတယ်။ တစ်ခါ ဘတ်စကားပေါ်မှာ ဘီးတပ်ကုလားထိုင် အလွယ်တက်လို့ရဘို့ အဆင်ပြေအောင် နေရာဖန်တီးပေးထားပါတယ်။ ဘတ်စကားရဲ့ အပေါက်ဝကြမ်းခင်းက လမ်းမျက်နှာပြင်ကနေတိုင်းရင်(၈)လက်မ၀န်းကျင်ရှိပါတယ်။ အပေါက်ကြမ်းခင်းကို အလွယ်တစ်ကူတင်လို့ချလို့ရအောင်လုပ်ထားလို့ ဘတ်(စ)ကားကို ပလက်ဖောင်းနဲ့ ကပ်ပြီးရပ်လိုက်တဲ့အခါ (၆)လက်မမြင့်တဲ့ ပလက်ဖောင်းပေါ်က ဘီးတပ်ကုလားထိုင်ဟာ ချပေးတဲ့ကြမ်းခင်းကနေ ကားပေါ်အလွယ်တစ်ကူရောက်ရှိနိုင်ပါတယ်။ အပေါက်နဲ့ တည့်တည့်မှာ ကွက်လပ်လုပ်ပေးထားပြီး၊ ကိုယ့်ဘီးတပ်ကုလားထိုင်(wheel chair)ကို ရပ်ပြီးတဲ့နောက် မလှုပ်စေရန် ခါးပတ်နဲ့ ထိန်းထားလို့ ရပါတယ်။

pls ask driver to service ur wheelchair
အမြန်ဘတ်(စ)ကားကြီးတွေ(ဥပမာ-လေဆိပ်သွားတဲ့ ဘတ်စကားတွေ) မှာ ယာဉ်မောင်းနောက်ကြောနဲ့ အပေါ်ထပ်တက်တဲ့ လှေခါးရင်းကြားမှာ Luggage Rack အထုပ်တင်ရန်စင်ရှိပါတယ်။
လုံခြုံရေးအတွက် ကားအတွင်း CCTVကင်မရာတပ်ဆင်ထားပါတယ်။ ထို့နည်းတူ ဘတ်(စ)ကားယာဉ်ကြောအတွင်းစည်းကမ်းမဲ့ မောင်းနှင်ကြတဲ့ ယာဉ်များနဲ့ အရေးပေါ်အခြေအနေ( ဥပမာ-accident ) တွေကို မှတ်တမ်းတင်နိုင်ဘို့ ကင်မရာလည်းပါပါတယ်။ ကားတွေကို GPS စံနစ်နဲ့ ဆက်သွယ်ထားပြီး ကားရဲ့ ရောက်ရှိတည်နေရာကို သက်ဆိုင်ရာစံနစ်အတွင်း သတင်းပို့လွှတ်ပါတယ်။ ထိုသတင်းပို့ချက်အပေါ်မူတည်၍ ဘတ်(စ)ကားမှတ်တိုင်မှာ ထောင်ထားတဲ့ LED board တွေမှာ ထိုမှတ်တိုင်သို့ ဘတ်စကားရောက်ရှိချိန်ကိုဖော်ပြပေးပါတယ်။

LED Display in Bus stop
LED board မရှိတဲ့မှတ်တိုင်တွေမှာတော့ next bus လိုမျိုး sms service တွေကနေ နောက်ရောက်မည့် Bus ဘယ်အချိန်လာမလဲဆိုတာကို မေးလို့ရပါတယ်။ ထို့နည်းတူ ကားတွင်းတပ်ဆင်ထားတဲ့ LED monitor မှာနောက်ရောက်မည့် မှတ်တိုင်ကို ဖော်ပြပေးသလို စပီကာမှလည်း ကြေငြာပေးပါတယ်။
ဘာလိုသေးလည်းအချစ်ရယ်လို့မေးရင် လိုအပ်နေပါသေးတယ်လို့ ခရီးသည်တွေဆီက ငြီးညူသံတွေလာတုန်းပါဘဲ။ မနက်ခင်းရုံးတက်ချိန်မှာ လက်ပြတားပေမယ့် ဘတ်(စ)ကားက မရပ်ပေးဘူးလို့ လူထုအော်လံကနေ တင်ပြတာ တွေ့ဘူးပါတယ်။ မနက်ခင်းနဲ့ ညနေ ရုံးတက်ရုံးဆင်းချိန် (peak hour) တွေမှာ Bus နဲ့ ရထားတွေကို ပိုပြီးစိပ်စိပ်ပြေးဆွဲပေးပါတယ်။
ဒါပေမယ့် ဘတ်စကား ဒရိုင်ဘာ (Bus captain) ဟာ သူ့ကားမှာ နောက်ထပ်လူထပ်တက်ခွင့်ပေးရင် ကားပေါ်ပါ ခရီးသည်တွေအတွက် အရမ်းကြပ်ညပ်နေလိမ့်မယ်လို့ ယူဆရင် ဆင်းမယ့်သူလည်းမပါဘူးဆိုရင် မှတ်တိုင်မှာ ခရီးသည်ရပ်စောင့်နေပေမယ့်လည်း ဆက်မောင်းခွင့်ရှိသလို၊ တက်မယ့်လူကိုလည်းတားမြစ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို တိုင်ကြားချက်ကြောင့် driver ကိုအရေးမယူပါဘူး။ ဒီ့အစား အတိုင်အတောထူတဲ့ နေရာတွေကို ပြေးဆွဲတဲ့ bus အရေအတွက်ကို ထပ်တိုးပါတယ်။
လူများတဲ့ မှတ်တိုင်တွေမှာ ဘတ်(စ)ကားတိုင်းရပ်ပါတယ်။ လူနည်းတဲ့အခါ ဘတ်(စ)ကား မှတ်တိုင်နားနီးရင် အရှိန်လျှော့ပါတယ်။ တစ်ခါတစ်ရံ ဟွန်းသံတစ်ချက်ပေးပြီး လူကို သတိပေးပါတယ်။ ဒီအခါ ဘတ်စကားနံပါတ်ကို ကြည့်ပါ။ မိမိစီးမယ့်ကားဆိုရင် လက်ပြတားပါ။ အနားရောက်လို့မှ လက်မတားရင်၊ ဘတ်(စ)ကားပေါ် ဆင်းမယ့်ခရီးသည်လည်းမပါဘူးဆိုရင် မရပ်တော့ဘဲ ဆက်မောင်းသွားပါလိမ့်မယ်။
ဘယ်လောက်ဘဲ ပြည့်စုံအောင် ဖန်တီးပေးထားပေမယ့် သူတို့မှာလည်း အားနည်းချက်အချို့ ရှိနေပါသေးတယ်။ ကားပေါ်မှာ ရထားတွေလို မှတ်တိုင်စဉ်မြေပုံကို ထင်သာမြင်သာ မချိတ်ဆွဲထားပါဘူး။ နောက်တစ်ခု မှတ်တိုင်တစ်ခုနဲ့ တစ်ခုအကြား distance အကွာအဝေးဘယ်လောက် ရှိသလဲဆိုတာလည်း မသိရပါဘူး။ distance ကို ဘာလို့ သိဘို့လိုသလဲဆိုတော့ လက်မှတ်ခက အချို့နေရာမှာ မှတ်တိုင်အစား taxi တွေလို distance နဲ့ ယူလို့ပါ။
TAXI

တက္ကစီ မှန်ရင် မီတာနဲ့ ပါ။ ဆိုင်ကယ်ကယ်ရီနဲ့ သုံးဘီးတွေကတော့ မီတာမပါကြပါဘူး။ ကြိုက်ဈေးပါဘဲ။
တက္ကစီခတွက်ပုံဟာ သာမာန်လူတစ်ယောက်အဖို့ နားလည်ရန်ခက်ခဲပါတယ်။ အကြမ်းဖျင်း သိရအောင် singapore တက္ကစီခ ဇယားကို အောက်ပါ link မှာလေ့လာနိုင်ပါတယ်။
http://www.taxisingapore.com/taxi-fare/
ကားပေါ်မှာ ဘက်စုံသုံး LCD panel တစ်ခုပါပါတယ်။ touch screen ပါ။ အဲဒီဖန်သားပြင်ပေါ်မှာ ကုမ္ပဏီပင်မ ကွန်ယက်မှ on-call taxi bid များ၊ လမ်းပိတ်ဆို့မှုသတင်းများ၊ တက်နေပါတယ်။ ထို့ အတူ GPS ကိုလည်းထို board ပေါ်မှာ ကြည့်နိုင်ပါတယ်။ bluetooth့ headset ကနေ ပင်မရုံးကွပ်ကဲရေးဌာနကို walkie-talkie ပြောလို့ရတယ်။

The
control panel view of a taxi.. အပေါ်က ပင်မဖန်သားပြင်၊ ဂီယာဘေးနားက
ငွေပေးကဒ်ဖတ်စက်၊ ညာဖက်အလယ် မှ စာလုံးအနီလင်းနေသည်မှာ မီတာဖြစ်သည်။
ကားခပေးတဲ့အခါ ကဒ်တွေနဲ့ပေးရင် နည်းနည်းအင်ပါတယ်။ ငွေသားဘဲလိုချင်ကြတာများတယ်။ ဒါပေမယ့် ပေးလို့ရတယ်။ credit card၊ ကျနော် အရင်တင်တဲ့ ပို့စ် "i-Pay (သို့မဟုတ်) ဟိုမရောက် ဒီမရောက် ယာဉ်စီးခပေးကဒ်" ထဲမှာ ဖော်ပြထားတဲ့ cash card၊ ဘတ်စကားစီးတဲ့ကဒ်၊ စတာတွေပေးလို့ရတယ်။ ပေးပြီးတာကို receipt တောင်းရင် ထုတ်ပေးပါတယ်။
တကယ်လို့ ကိုယ်သွားချင်တဲ့နေရာဟာ လမ်း (၂)မျိုး (၃)မျိုးလောက်နဲ့ သွားလို့ ရတဲ့ ခရီးမျိုးဆိုရင် ကိုယ့်ကို ဘယ်လမ်းကသွားချင်လဲလို့ မေးလိမ့်မယ်။ ကိုယ်သွားစေချင်တဲ့ လမ်းကြောင်းကိုပြောပါ။ မရေရာရင် သူ့ကို ဆရာမလုပ်ပါနဲ့။ မနက်ခင်း ရုံးသွားချိန်မှာ ပုံမှန်လမ်းအတိုင်းသွားရင် ကားပိတ်တာနဲ့ ခရီးမတွင်လို့ သူတို့ ကျွမ်းကျင်တဲ့ ဖြတ်လမ်းတွေကနေ သွားတတ်ပါတယ်။
ဘန်ကောက်လို tourist များတဲ့ မြို့တွေမှာ taxi နဲ့ သုံးဘီးတွေဟာ မီတာတက်အောင် ပတ်နေတာမျိုးတွေ၊ အပိုကြေးတောင်းခံတာတွေ ရှိတတ်ပါတယ်။ ဒါမျိုးကြုံရင် tourist police ကို တိုင်ကြားနိုင်ပါတယ်။ ကျနော်တို့ဆီမှာတော့ 199 လို service တွေတောင် လူတွေက အသုံးမ၀င်လို့ လျစ်လျူရှုထားတာ ကြာပါပြီ။
Subscribe to:
Posts (Atom)