Search This Blog

Showing posts with label အမြင်. Show all posts
Showing posts with label အမြင်. Show all posts

ကါးပါကင် စံချိန်စံညွှန်း နှင့် ယာဉ်ကြောကြပ်တည်းမှု

အဆောက်အအုံ စီမံကိန်းများ ဖော်ဆောင်သည့်အခါ ထည့်သွင်းကြရမည့် ကားပါကင် စံချိန်စံညွှန်းများသည် မရှိမဖြစ် လိုအပ်လှသည်။ ကားပါကင် လုံလောက်မှု မရှိခြင်းက ကားများကို လမ်းများပေါ်တွင် ရပ်တန့်စေပြီး၊ အဆိုပါ ရပ်တန့်ထားသော ယာဉ်များကြောင့် ယာဉ်ကြောကို ပိုမို ကြပ်တည်းစေပါသည်။

ယာဉ်ကြောကြပ်တည်းခြင်းသည် လောင်စာဆီအပိုကုန်ကျခြင်း၊ အချိန်များ လေလွင့်ခြင်း နှင့် လုပ်အားဆုံးရှုံးမှု၊ လူမှုဘ၀ ပါတ်ဝန်းကျင် ထိခိုက်မှုတို့ကို အကျိုးသက်ရောက်စေသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် ထိုအဆောက်အအုံသို့ ၀င်ထွက်သွားလာကြမည့် ယာဉ်များအတွက် ကားရပ်နားရန် နေရာများကို ဒီဇိုင်း ပြုလုပ်သည့် အဆင့်ကတည်းက ဒီဇိုင်းပြုသူ ပညာရှင်များမှ ထည့်သွင်းတွက်ချက်ရပါမည်။ လုပ်ငန်းရှင်များသည် ကြမ်းခင်းဧရိယာ ပိုထွက်ရေးကိုသာ အာရုံထားကြပြီး၊ ၄င်းအချက်က ရေရှည်တွင် ထိုအဆောက်အဦးကြောင့် ပါတ်ဝန်းကျင် ယာဉ်ကြောကို ၀န်ပိစေသည်။ ဤဥပမာကို ပန်းဆိုးတန်း အလယ် နှင့် အထက်ဘလောက် တွင်လည်းကောင်း၊ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ ဆုံရာ အရပ်တွင်လည်းကောင်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ဈေးများဆုံရာအရပ်တွင် ဈေးဝယ်စင်တာများ၊ ဈေးများ ထပ်မံ တည်ဆောက်ခြင်းက ဇုန်တစ်ခုတည်းတွင် လိုရာ ရအောင် ဖန်တီးပေးသည် မှန်သော်ငြား၊၊ ယာဉ်ကြော နှင့် ကါးပါကင်ကို ထည့်သွင်းစဉ်းစား၍ ကြိုတင်စီမံခန့်ခွဲခြင်း မပြုပါက ထိုနေရာတွင် ယာဉ်ကြော အဆမတန် ကြပ်တည်းလာကါ၊ ဈေးဝယ်များကိုလည်း ထိုနေရာသို့ လာရောက်ဈေးဝယ်လိုစိတ်ကိုလည်း လျော့ပါးလာစေပါလိမ့်မည်။
ရန်ကုန် နှင့် နေပြည်တော်တွင် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးသည့် အစီအစဉ်က လိုင်စင်မရှိဘဲ မောင်းနှင်သွားလာနေသည့် ယာဉ်မောင်းများအား အတိုင်းအတာ တစ်ခုအထိ အရေးယူနိုင်ပြီး၊ ယာဉ်တိုက်ခိုက်မှု ဖြစ်စဉ်များအား လျှော့ချနိုင်မည်ဟု ယုံကြည်မိပါသည်။

သို့သော် ရောဂါတစ်ခု ကုသရာတွင် ရောဂါဖြစ်စေသော နောက်ခံ အကြောင်းများကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။

လိုင်စင်ထုတ်ပေးရာ ရင်းမြစ်သည် က.ည.န ဖြစ်၏။
က.ည.နတွင် အဂတိ လိုက်စားမှု ရှိနေသရွေ့ ယာဉ်မောင်းလိုင်စင် တစ်ခုတည်းကို စစ်ဆေးရုံနှင့် မလုံလောက်တော့ပါ။

ဥပမာ ပြောရလျှင် လိုင်းကြေးပေးထားလျှင် ယာဉ်မောင်းလိုင်စင် ဖြေရာတွင် ကွန်ပြူတာ ပရိုဂရမ်ပေါ်မှ ယာဉ်ကြောကို ချောင်ချိအောင်ပြုလုပ်ပေးခြင်း၊ ငွေမပေးလျှင် ဖြေဆိုရခက်ခဲအောင် ပြုလုပ်ခြင်းတို့ ဖြစ်သည်။

ယာဉ်မောင်းသင်တန်းများက က.ည.န နှင့် လက်ဝါးရိုက်နေသရွေ့ အရည်အသွေး မပြည့်သော ယာဉ်မောင်းများက ယာဉ်တိုက်မှုများကို ဆက်လက် ဖြစ်နေစေဦးမည်သာ ဖြစ်သည်။

နိုင်ငံခြားတိုင်းပြည်များတွင်တော့ ကင်းလှည့် ဆိုင်ကယ်စီး ရဲများက ယာဉ်မောင်းကျွမ်းကျင်မှု မရှိဟူသော ယာဉ်များကို စစ်ဆေး အရေးယူခွင့်ရှိသလို၊ ပြစ်မှု ကျူးလွန်ပါက ယာဉ်မောင်းလိုင်စင်ကို ရုပ်သိမ်းပိုင်ခွင့်၊ ယာယီ ရပ်စဲခွင့် ရှိပါသည်။
အထင်ကရ လမ်းမကြိးအချို့မှာ ကားတွေ ပိတ်ရခြင်းအကြောင်းတစ်ခုက မြို့ပြဆိုင်ရာ ဆောက်လုပ်ရေး ဥပဒေတွေရဲ့ အားနည်းချက်လည်း ပါပါသည်။

ဥပမာ ပြရရင် ပန်းဆိုးတန်း မှာ ကားပိတ်ရခြင်း အကြောင်းရင်းတစ်ခုက အသစ်ဆောက်လုပ်ပြီး နဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံတွေမှာ ကားပါကင် လုံလောက်စွာ မပါရှိခြင်းက အဓိက ကျပါသည်။

အဆောက်အအုံ တစ်ခု ဆောက်လုပ်တဲ့အခါ အဆောက်အအုံ အမျိုးအစားနဲ့ ပါဝင်သည့်အခန်းအမျိုးအစားအလိုက် လုံလောက်စွာ ထားရှိပေးရမည့် ကားပါကင် အမျိုးအစားနဲ့ အရေအတွက်ကို သတ်မှတ်ပေးထားရပါသည်။

ထို့အပြင် ထိုအဆောက်အဦးသို့ လာရောက်ကြမည့် ဧည့်သည်များအတွက်ပါ ထည့်သွင်းစဉ်းစားရပါသည်။

ဆိုကြပါစို့- ဒီအဆောက်အဦးထဲမှာ ကုန်တိုက်တစ်ခု ပါမည် ဆိုပါစို့။ အဆိုပါ ကုန်တိုက်မှာ ပါဝင်မည့် ဆိုင်အမျိုးအစား၊ ဈေးဝယ်လာသူများကိုလည်း ပါကင်တွက်ချက်မှုမှာ ထည့်သွင်းတွက်ချက်ပါသည်။

အဆောက်အဦးကို လာသူများအတွက် ကားပါကင် မလုံလောက်သောအခါ လမ်းဘေး ကားပါကင်မှာ ရပ်သည်။ ကားပါကင်နေရာရှာရင်း လမ်းပေါ်မှာ ရပ်သည်။

ထိုအခါ လမ်းအား အသုံးပြုနိုင်သည့် နေရာအကျယ်( တနည်းအားဖြင့် လမ်းမှလက်ခံနိုင်သော ယာဉ်ကြောအကျယ် လျော့ကျသွားပါသည်။ )

လောလောဆယ် ပြုစုထားသော အဆောက်အအုံ ဥပဒေကြမ်း တွင် အဆိုပါ အချက်များကို ပါဝင်ရန် အင်ဂျင်နီယာကြီးများ အားထုတ်ကြပါရန် ဤ စာမျက်နှာမှ တိုက်တွန်းအပ်ပါသည်။

Thar Lay
Admin
Myanmar Road and Transport
BRT အတွက် သွင်းလာတဲ့ ကားကြီးတွေလည်း လိုင်းတွေထဲ ရောက်ကုန်ပြီ။ iPay စက်တွေလည်း ဘယ်သူမျှ မသုံးကြတော့ပြီ။ ဒါ ကျနော်တို့ ဗမာပြည်။ တစ်တိတိ နဲ့ ပြောင်းလဲရေးလုပ်ကြသည်။ သတင်းစာမျက်နှာများ၊ အစည်းအဝေးများ၊ နိုင်ငံခြား လေ့လာရေး ခရီးများဖြင့် ငွေဖြုန်းတီးကြလေသည်။ ဟိုလူ့ငဲ့ ဒီလူငဲ့ ဖြင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း အကျိုးစီးပွားများအား ကာကွယ်ကြတော့သည်။