Search This Blog

Showing posts with label မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း. Show all posts
Showing posts with label မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း. Show all posts

မော်တော်ကါး အရောင်သွင်းမှန်များ၏ အလင်းပေါက်မှု(မြင်နိုင်စွမ်းအား) သတ်မှတ်ချက်

မြန်မာ။ မြန်မာနိုင်ငံတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကာလာမှန်သတ်မှတ် ချက်နှင့်ပတ်သက်၍မြင်နိုင်စွမ်းအား (၆၀) ရာခိုင်နှုန်းနှင့်အထက်ကားများကို ခွင့်ပြုပေးလျှက်ရှိပါသည်။ မော်တော်ယာဉ် တင်သွင်းသူများသည် အထက်ပါအချက်ကို သတိပြုသင့်ပါသည်။

(၁၉၈၉)မော်တော်ယာဉ်နည်းဥပဒေ အခန်း(၃)၊ အပိုဒ်(၄၂)၊ အပိုဒ်ခွဲ(က၊ခ)ပါ “မော်တော်ယာဉ်၏လေကာမှန်သည်ဘေးကင်းမှန် (safety glass) အမျိုးအစားဖြစ်ရမည့်အပြင် ယာဉ်မောင်းသူအတွက် ကြည်လင်သောမြင်ကွင်းကျယ် ရှိရမည်။ လေကာမှန်သည် ယာဉ်မောင်းသူ၏ မျက်စိ အာရုံကိုအနှောင့်အယှက်ဖြစ်စေမည့် မှန်မျိုးမဖြစ်စေရ။ မော်တော်ယာဉ်၏ ဘေးမှန်၊ နောက်မှန်များ သည်ဘေးကင်းမှန်အမျိုးအစားဖြစ်ရမည်။” ဟူသည့်သတ်မှတ်ချက် ထားရှိသည်။

စင်္ကာပူ။ ပုံမှန်အားဖြင့် သတ်မှတ်လေ့ ရှိသည်မှာ

- ရှေ့လေကာမှန် နှင့် ရှေ့ပြူတင်းပေါက်များအတွက်
အလင်းပေါက်မှု ပမာဏသည် 70% အနည်းဆုံး ရှိရပါမည်။

- နောက်လေကာမှန် နှင့် နောက်ခန်း ပြူတင်းများအတွက်
အလင်းပေါက်မှု ပမာဏ 25% အနည်းဆုံး ရှိရပါမည်။

- ပြူတင်းမှန်များသည် ရောင်ပြန် စတေကာ( ပြဒါးစတေကါ) ကပ်ခွင့်မရှိပါ။

ပူးတွဲပါပုံတွင် အရောင်သွင်းမှန်များ၏ အလင်းပေါက်မှု ရာခိုင်နှုန်းအလိုက် မြင်နိုင်စွမ်းကို လေ့လာနိုင်ပါသည်။