Search This Blog

အဝေးပြေးလမ်းတွေမှာ မတော်တစ်ဆမှု ဖြစ်ပွားကြခြင်း၏ အကြောင်းရင်းတစ်ခုမှာ ကပ်၍ ကျော်တက်ခြင်း၊ ကပ်၍ ဖြတ်ဝင်ခြင်း ဖြစ်သည်။

ကားချင်းကပ်နေသည့်အခါ မိမိရှေ့တွင် မောင်းနှင်နေသော ကား၏ အရှေ့တွင် ရှိသည့် အဆီးအတားများ အား မြင်နိုင်သည့် မြင်ကွင်းအကျယ် လျော့သွားပါသည်။ မြင်ကွင်းအကျယ် လျော့နည်းမှုက အခြေအနေမှန်ကို တွက်ဆဘို့ အခွင့်အရေးကို နည်းပါးစေသည်။

ကျော်တက်ပြီးချိန်တွင် ကပ်၍ ဖြတ်မ၀င်ရပါ။

အရှိန်ဖြင့် ကိုယ်စီမောင်းနှင်နေချိန်တွင် လက်ကိုင်ဘီးအား လှည့်မှု များလေ၊ ကား၏ တည်ငြိမ်မှုကို ထိခိုက်လေပင်ဖြစ်သည်။ ထိုအချိန်တွင် မတော်တဆ ဘရိတ်ဖမ်းရမည့် အခြေအနေ ကြုံတွေ့ရပါက စလစ်ဖြစ်တော့သည်။