Search This Blog

ရုံးဖွင့်ရက် ပန်းဆိုးတန်း




ပန်းဆိုးတန်း ရထားခုံးကျော်တံတား ရဲ့ ရုံးဖွင့်ရက် နံက် (၁၁)နာရီ အချိန် ယာဉ်ကြောအခြေအနေပါ။ မြို့ထဲဘက်သို့ ဆင်းကြမည့် ကားများသည် အောင်းဆန်းကွင်း အရှေ့ဘက်တန်း အထက် ပန်းဆိုးတန်း လမ်းမကြီးအထိ ပိတ်ဆို့နေပါသည်။

အကြောင်းရင်းကို စေ့ငုသော်

(၁) နံက် ၁၀ နာရီမှ ၁-နာရီခွဲခန့်အထိ အချိန်သည် အလံပြဘုရားလမ်း ရှိ ဒဂုံ(၁) ကျောင်းရှေ့တွင် ကားအလွန်ပိတ်သော အချိန်ဖြစ်သည်။ ဆူးလေနှင့် သိမ်ကြီးဈေးဘက်သို့ သွားကြမည့် ကားများသည် ဒဂုံ(၁) ကို ရှောင်လွှဲရန် ပန်းဆိုးတန်းမှ ဆင်းကြသည်။

(၂) ပန်းဆိုးတန်းသည် ရန်ကုန်မြို့၏ အသက်သွေးကြော လမ်းမကြီးများအထဲမှ တစ်ခုဖြစ်သည်။ ထိုလမ်းမှဖြတ်၍ ဒလနှင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ရေလမ်းမှ ကူးသန်းနိုင်သည်။ ဆိပ်ကမ်းသာလမ်းနှင့် အခြား အဓိကကျသော ဘဏ်များ၊ အီလက်ထရောနစ်ဆိုင်ကြီးများ၊ နှင့် ကွန်ပြူတာဈေးကွက်သို့ သွားရာလမ်းဖြစ်သည်။

(၃) ပန်းဆိုးတန်း အထက်လမ်း နှင့် အလယ်လမ်းရှိ အသစ်ဆောက်လုပ်ထားသော အဆောက်အအုံများတွင် စံနစ်တကျ ကားပါကင် မလုံလောက်သလို၊ အခြားရွေးချယ်စရာ ကားပါကင်များလည်း မရှိပေ။ (ဥပမာ- အထပ်မြင့် ကားပါကင်) ထိုကြောင့် အလယ်လမ်းတွင် ကားပါကင် နေရာ မရသော ကားများသည် လမ်းပေါ်တွင် ထပ်ကါ နဂိုက ၃-လမ်းသွား ပန်းဆိုးတန်းသည် တစ်လမ်းမောင်းသာ ကျန်တော့သည်။ ထိုတစ်ကြောတည်းသာရှိသော ယာဉ်ကြောတွင် ယာဉ်ကြောကြပ်သော မဟာဗန္ဓုလလမ်းပေါ်သို့ကွေ့မည့် ယာဉ်တန်းကြောင့် ပန်းဆိုးတန်းအလယ်လမ်းမကြီးသည် ပက်ကျိနှုန်းဖြင့်သာ ယာဉ်များကို ၀န်ဆောင်မှု ပေးနိုင်တော့သည်။


အထက်ပါ အကျိုးဆက်များ၏ ရလာဒ်မှာ ပုံတွင် မြင်ရသည့် ၂-ဖာလံ ခရီးကို (၃၀)မိနစ် မောင်းရသည့် ယာဉ်ကြောပင် ဖြစ်တော့သည်။ အခြား အကြောင်း အချို့လည်း ပါဝင်နေသော်လည်း ၊ စာရှည်မည် စိုး၍ မဖော်ပြတော့ပါ။

No comments:

Post a Comment