Search This Blog

ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၂)

ရန်ကုန်က ယာဉ်ကြောကြပ်တည်းမှု ပြဿနာ
---------------------------------------------
ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၂)
--------------------------------------------------------------------------
By Douglas Long

အခြား YCDC အရာရှိ တစ်ဥိးဖြစ်တဲ့ လမ်းတံတား အင်ဂျင်နီယာ ဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဦးမျိုးမင်းက အနည်းဆုံး နောက်(၃)နှစ်အထိ ရန်ကုန် ယာဉ်ကြော စီမံမှုတွေထဲမှာ စက်ဘီးစီးနင်းသူတွေအတွက် အစီအစဉ် မရှိပါဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ မြို့တော် လမ်းတွေကို အခုထက် ပိုတိုးတက်လာအောင် လုပ်နေပါတယ်။ ဒါပေမယ့် စက်ဘိးတွေအတွက် သီးသန့်လမ်းတွေ ပါမယ်ဆိုတာတော့ မသေချာဘူး”

အခုလောလောဆယ်တော့ ကျနော်တို့လို ရန်ကုန်မှာ စက်ဘီးစီးသူတွေဟာ လက်ရှိ အခြေအနေမှာဘဲ ဆက်သွားနေရမှာပါပဲ။ တစ်ပါတ်ကို (၇)နာရီ၊ (၈)နာရီလောက် ရန်ကုန်တစ်ခွင် စက်ဘိးစီးရင်း နဲ့ ကျနော် အချိန်ကုန်ဆုံးပါတယ်။ ကျနော်က အင်းစိန်မှာ နေပြီး၊ အလုပ်က မြို့လည်မှာပါ။ ကျနော် ခရီးစဉ်ဟာ ၂၁-ကီလိုမီတာ(၁၃-မိုင်) ရှိပါတယ်။ တစ်ပါတ်(၅)ရက် ကျနော် စက်ဘီးနဲ့ ရုံးတက်ပါတယ်။ ဒီခရိးစဉ်အတွက် ကျနော် (၄၅)မိနစ်ကနေ(၅၀)မိနစ်လောက် အချိန်ယူရပါတယ်။ ဒါပေမယ့် ဒီခရိးစဉ်ကိုဘဲ Taxi စိးရင် ဒီထက် (၂)ဆ ပိုကြာပါတယ်။ အထူးသဖြင့် ရုံးတက်ချိန် မနက်ခင်းတွေမှာပေါ့။

ဗမာပြည်ကို မရွှေ့လာခင်တုန်းက ကျနော် လော့စ်အိန်ဂျလီးစ်မှာ (၁၀)နှစ် နေခဲ့ပါတယ်။ နယူးယောက်မှာ (၃)နှစ် မနေခင်ပေါ့။ နှစ်မြို့စလုံးမှာ ကျနော် နေ့တိုင်းလိုလို စက်ဘီးစီးပါတယ်။ ဒီ(၁၃)နှစ်လုံးလုံး ကျနော် ကြုံခဲ့ရတဲ့ လက်မတင် အန္တရာယ်ကြုံရမှု စုစုပေါင်းက ရန်ကုန်မှာ တစ်ပါတ်အချိန်ကါလအတွင်း ကြုံရတဲ့ ခပ်ဆိုးဆိုး ယာဉ်မောင်းတွေရဲ့ စံချိန်ကို မမှီသေးပါဘူး။

ရန်ကုန်မှာ စက်ဘီးပေါ် တက်ထိုင်မိတဲ့ ဘယ်သူမဆို ယာဉ်သွားလမ်းကို နားမလည်တဲ့၊ သို့မဟုတ် ကြိုတင် အချက်မပြဘဲ ရုတ်ချည်းယာဉ်ကြောပြောင်းတဲ့၊ ကွေ့ချလိုက်တဲ့ ၊ သို့မဟုတ် လမ်းပြောင်းပြန်မောင်းတာကို ဂုဏ်ယူနေတဲ့ ရူးနှမ်းတဲ့ ယာဉ်မောင်းတွေနဲ့ ကြုံရပါလိမ့်မည်။ အဆိုးဆုံးကတော့ ဘတ်(စ)ကား ယာဉ်မောင်းတွေပါဘဲ။ သူတို့အဘို့ နောက်မှတ်တိုင်မရောက်မီ အခြား ယာဉ်မောင်းကို ကျော်တက်လိုက်ဘို့က အသက်ထက်တောင်မှ ပိုအရေးကြီးပါတယ်။

နောက် ယာဉ်မောင်းတွေ သိထားသင့်တဲ့အချက်က - အကယ်၍ မြို့တွင်းလမ်းများတွင် ခြေလျင်လျှောက်သူတစ်ဦးသည် ရှေ့ကိုက် (၁၀၀)တွင် လမ်းဖြတ်ကူးနေပြီး၊ အခြားတစ်ဘက်သို့ ရောက်ရန် (၄)ပုံ (၃)ပုံ ခရီးရောက်ပြီး ဖြစ်ပါက၊ ထိုသူအား မိမိယာဉ် လာနေကြောင်း ဟွန်းတီး အသိပေးရန်မလိုပါ။ သင်ထိုနေရာသို့ ရောက်ရှိချိန်တွင် အဆိုပါ လမ်းဖြတ်ကူးသူသည် သူခရီးသို့ ရောက်ရှိပြိး ဖြစ်ပြီး၊ သင်၏ လမ်းကြောင်းပေါ်တွင် ရှိတော့မည် မဟုတ်ပါ။

သေချာစွာ ချိန်ထိုးတွက်ဆပြီး ဟွန်းကို အသုံးပြုနိုင်ပါသည်။ သို့သော် လမ်းပေါ်က ရူးနှမ်းနေသည့် ယာဉ်မောင်းများသည် အရိပ်မြင်တိုင်းသာ ဟွန်းတီးနေပါက ဟွန်းသည် အဆင့်လျှောကါ မြို့ပြ ဆူညံမှုများ၏ နောက်ခံအသံ တစ်ခုသာ ဖြစ်သွားပြီး၊ မည်သူကိုမျှလည်း မည်သည့်ဆက်သွယ်မှုမျှ မလုပ်နိုင်တော့ပါ။

လမ်းလျှောက်သူတွေဟာလည်း နောက်ထပ် ဂရုစိုက်ရမည့် အချက်ထဲ ပါပါတယ်။ သူတို့က တစ်ခါတစ်လေဆို ကားမောင်းတဲ့ သူတွေထက်တောင် ပိုခန့်မှန်းရ ခက်ပါတယ်။ ကျနော် ကြုံခဲ့ဘူးတဲ့ လူတစ်ချို့ဟာ ပလက်ဖောင်းပေါ် ရပ်ပြီး၊ ကျနော်စက်ဘီးစိးလာတာကို စောင့်ကြည့်နေတာ တစ်ဖြည်း ဖြည်း နီးလာတဲ့အထိပါဘဲ။ ကျနော့်စက်ဘီးနဲ့ (၂)ကိုက်အလိုလောက် ကွာတော့မှ သူတို့က ဒီအချိန်ဟာ ပလက်ဖောင်းပေါ်ကဆင်း ကျနော့်စက်ဘီးရှေ့ကနေ လမ်းစကူးဘို့ မှန်ကန်တဲ့ အချိန်ဘဲလို့ ဆုံးဖြတ်လိုက်ပါလေရော။

ရှေ့လှမ်းလိုက်၊ နောက်ဆုတ်လိုက်၊ ပြိးရှေ့ပြန်တိုး၊ တစ်ခါရပ်နေလိုက်၊ နောက်ပြန်ဆုတ်၊ ပြီး ရှေ့ ပြန်တိုးနဲ့ သူတို့ ဘာလုပ်မယ်ဆိုတာ ခင်ဗျား ဘယ်လိုမှ မတွေးဆနိုင်တော့တဲ့ ရှဥ့်လူသားတွေလည်း ရှိတတ်သေးတယ်။

အခြား ကြုံလေ့ရှိတာ တစ်ခုက ကားတွေ လာနေတဲ့အရပ် နဲ့ ဆန့်ကျင်ဘက်ကို သေသေချာချာ စူးစိုက်ကြည့်ရင်း လမ်းကူးကြတဲ့ သူတွေပါ။ သူတို့ရဲ့ အမူအကျင့်ကို ကျနော် ဘယ်လိုမှ ကျိုးကြောင်းဆီလျော်စွာ ရှင်းမပြတတ်ဘူး။ (သူတို့ဟာ အချိန် ယန္တရားတစ်ခုပေါ်မှာ ခရီးသွားနေကြတဲ့ အတိတ်ကါလတစ်ခုက လူတွေလား ? ဒါမှမဟုတ် ဗမာပြည်ဟာ လက်ဝဲမောင်းစံနစ် ကျင့်သုံးနေဆဲ ၁၉၆၁-ခုနှစ်လို့ ထင်နေကြတုန်းလား ?)

မျှော်လင့်မထားတွေကိုလည်း ကြုံရဘို့ ကြိုတွေးထားရတယ်။ လွန်ခဲ့တဲ့ (၂)ပါတ်လောက်က မီးနီတာကို စောင့်ရင်း ကျနော် စက်ဘီးရပ်ထားချိန် ယာဉ်ကြောကြားထဲက ဘတ်(စ)ကားကို ပြေးတက်ဘို့ ကြိုးစားတဲ့ ခရီးသည် တစ်ယောက်ဟာ ကျနော်ကို အားနဲ့ ပစ်ဆောင့်တိုက်လိုက်ပါတယ်။ ရုတ်ချည်းမို့ ကျနော့် ကိုယ် ကျနော် လွင့်မသွားအောင် ကာကွယ်ရင်း ညာဘက်က ရပ်ထားတဲ့ ကားပေါ် လက်ထောက် အားပြုလိုက်ရပါတယ်။ အဲဒီလူဟာ ကျနော့်ဆီကနေ ပြန်ကန်ထွက်သွားပြီး၊ ဆောရီးလို့ ရေရွတ်ကါ ဘယ်ကိုမှမမြင် ဘတ်(စ)ကားဆီ ဆက်ပြေးသွားပါတယ်။ အခု ဒီစာရေးနေချိန်ထိ အဲဒီဘက် ပုခုံးက နာနေတုန်း။

အခြား ခြေနင်းတံကို အသုံးပြုသူတွေကလည်း ခေါင်းကိုက်စရာပါ။ သူတို့ဟာလည်း ယာဉ်မောင်းတွေလိုဘဲ ခန့်မှန်းရ ခက်တယ်။ ဒါပေမယ့် အရှိန်က မများဘဲ သေစေလောက်တဲ့ အားလည်း မရှိပါ။

ဆိုက်ကားဆရာတွေအပါအ၀င် စက်ဘီးစီးနင်းသူတွေဟာ ယာဉ်အားလုံးထဲ အနှေးဆုံးယာဉ်တွေ ဖြစ်ပါလျက်နဲ့ မီးစိမ်းဘို့ အားလုံးစောင့်ဆိုင်းနေချိန်မှာ တန်းစီထားတဲ့ယာဉ်တန်းကိုကျော်ပြီး၊ ဘာလို့ ရှေ့ဆုံးမှာ ရောက်ချင်နေရသလဲဆိုတာ တော်တော့ကို စဉ်းစားရခက်ပါတယ်။

စက်ဘီးသီးသန့် ယာဉ်ကြောရှိတဲ့ မြို့တစ်မြို့ နဲ့ ယာဉ်ကြောအသုံးပြုသူများကို စံနစ်တကျ ထိန်းကျောင်းပေးဘို့ အရည်အချင်းပြည့်ဝသောရဲများ ခန့်ထားပေးဘို့ဆိုတာ တကယ်တမ်းတော့ ကြီးကျယ်တဲ့ ကိစ္စတစ်ခု မဟုတ်ပါ။

(ဤအက်ဆေးသည် Myanmar Times ဂျာနယ်၏ “Wheel in Motion” ဟူသော အချပ်ပို ကဏ္ဏတွင် အနည်းငယ် ကွဲပြားသော ပုံစံဖြင့် ဖော်ပြပြီးဖြစ်သည်။ မူရင်း စာရေးသူ)
===================================

Disclaimer : ဤအက်ဆေးတွင် ပါဝင်သော အကြောင်းအရာများသည် မူရင်းရေးသားသူ၏ အာဘော်သာဖြစ်ပြီး၊ Myanmar Road and Transport စာမျက်နှာ၏ သဘောထားကို အပြည့်အ၀ ထင်ဟပ်စေခြင်း မရှိပါ။

ဤဆောင်းပါးကို ဖော်ပြခြင်းသည် စက်ဘီးများအား စီးနင်းခွင့်ပြုသင့်သည်ဟု တိုက်တွန်းလိုခြင်း မဟုတ်ပါ။ ရုတ်တရက် ခွင့်ပြုလိုက်လျှင် ၀ရုန်းသုန်းကါး အခြေအနေတစ်ခုကို ရင်ဆိုင်ရနိုင်ပါသည်။

သို့သော် နောင်ဆက်လက်တိုးချဲ့မည့် မြို့ပြ အစီအစဉ်များ၊ လမ်းတည်ဆောက်မှုများတွင် စက်ဘီးစီးလမ်းများ၊ စက်ဘီးသီးသန့် ယာဉ်ကြောများကို မဖြစ်မနေ ထည့်သွင်းရန် စတင်စဉ်းစားကြသင့်ပြီဟူသော သဘောတွင် တိုက်ဆိုင်၍သာ ကြိုးစားဘာသာပြန်ကာ တင်ပြပေးခြင်း ဖြစ်ပါသည်။

ဘာသာပြန်ဆိုမှု အချို့သည် မသင့်တော်ဟု ထင်ပါက မူရင်းအက်ဆေးအား ကိုးကားသင့်ပါသည်။ ပုံနှိပ်မီဒီယာတွင် ထည့်သွင်းဖော်ပြလိုပါက မူရင်း အင်္ဂလိပ်ဘာသာဆောင်းပါးပိုင်ရှင်အား Myanmar Times ဂျာနယ်မှ တဆင့် ဆက်သွယ်ကါ တရားဝင် ခွင့်ပြုချက် ရယူသင့်ပါသည်။

Our Perspectives :
ပြည်တွင်းဖြစ် နည်းစံနစ်များသည် လက်တွေ့လေ့လာဆန်းစစ်ချက်များ မပါဘဲ အလုပ်ဖြစ်မည်ဟု မမျှော်လင့်နိုင်ပါ။

နိုင်ငံတကာ ၏ ခြေဖျားလောက်မှီရန် ခရီးစဉ်က ရှည်လျားလွန်းသည်။

လမ်းသည် အခါခပ်သိမ်း လူများနှင့် ပြည့်နေသည် မဟုတ်။ ထိုသူများ ပစ်ချထားသော စိတ်ဓါတ်အမှိုက်များကသာလျှင် ဤလမ်းကို သွားဘို့ ခက်ခဲစေခြင်း ဖြစ်သည်။

Myanmar Road and Transport

No comments:

Post a Comment